ဓမ္မာစရိယ စာမေးပွဲ မေးခွန်းပေါက်ကြား

Sunday, March 30, 2014

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က စတင်ကျင်းပနေတဲ့ ဓမ္မာ စရိယစာမေးပွဲမှာ မေးခွန်းပေါက်ကြားမှုက ဟိုးလေး တကြော်ဖြစ်နေပါတယ်။ 

ပေါက်ကြားလာတဲ့ ဓမ္မာစရိယ မေးခွန်းတချို့

ဒါကြောင့် ဒီကနေ့ ၃ ရက်မြောက် နေ့ကစပြီး သံဃမဟာနာယကအဖွဲ့ မဟန- က အရင်ပေးပို့ထားပြီး ဘဏ် တွေမှာ သိမ်းထားတဲ့ စာမေးပွဲ မေးခွန်းတွေအစား နာရီအနည်း ငယ် စောပြီး ပေးပို့တဲ့ မေးခွန်းတွေ ကို သာ အမြန် ပုံနှိပ်ပြီး စာမေးပွဲ ဖြေဆိုကြရတော့မှာပါ။ 


ဓမ္မာ စရိယစာမေးပွဲဖြေဆိုဖို့ ကျင်းရင်း ၃ ကျမ်း ရှိတယ်။ ပါရာဇိကဏ် အတွက် ၂ ရက်နေ၊ သီလက္ခန် အတွက် ၂ ရက်နဲ့ အဋ္ဌသာလိဏီ အတွက် ၂ ရက်ဖြေကြရမှာဖြစ်ပါတယ်။ 

ပထမနေ့မှာ ပါဠိနဲ့ အဋ္ဌကထာကို အနက်ပေးတာ ဖြေကြရပြီး ဒုတိယ နေ့မှာတော့ သဘောအဓိပ္ပာယ် ကို ဖြေကြရတာပါ။ 



ဖြစ်ပုံကတော့ ဓမ္မာစရိယ စာမေးပွဲအတွက် ကျမ်း ၃ ကျမ်းလုံးရဲ့ ၆ ရက်စာမေးခွန်းကို စာမေးပွဲ မစတင်ခင် ၃ ရက် လောက်ကြိုပြီးပေါက်ကြားခဲ့တာလို့ သိရပါတယ်။ အဲဒီလိုပေါက်ကြားမှုကို သာသနာရေး ဝန်ကြီး ဌာနနဲ့ မဟန တို့က သိသွားပြီး အခုလို မေးခွန်းတွေ ပြောင်းဖြေရမယ့် အစီအစဉ်ကို ပြောင်းလိုက်တာပါ။ 

ပြောရရင် အရပ်ဘက် ပညာရေးဘက်မှာသာ အဂတိလိုက်စားမှုနဲ့ ပညာရေး စံကျိုးပေါက်မှုတွေရှိ တာ မဟုတ်ပဲ ဗုဒ္ဓသာသနာကို အခိုင်အမာ အထောက်အပံ့ပေးနေတဲ့ ဓမ္မဆိုင်ရာ စာမေးပွဲတွေမှာပါ အခုလို စားမေးပွဲ မေးခွန်း ပေါက်ကြားတာ၊ စာမေးပွဲဖြေဆိုပြီး အဂတိလိုက်စားပြီး အောင်လက်မှတ်ရဖို့ လုပ်ကြတာ စတာတွေဟာ အတော် နှစ်အတော်ကြာကတည်းက ရှိနေတဲ့ အခြေအနေပါလို့ ပညာရေးကိုလေ့လာ
စောင့်ကြည့်သူတွေက ပြောပါ တယ်။ 

ဒီနှစ်စာမေးပွဲကတော့ အတော်ကို ရုပ်ပျက်ဆင်းပျက် ပေါက်ကြားမှုဖြစ်သွားလို့ မေးခွန်းပြောင်းဖြေရမယ့် အစီအစဉ် ကို ချမှတ်လိုက်တာဖြစ်ပါတယ်။ 

မေးခွန်းပေါက်ကြားမှုဖြစ်လာရတဲ့အကြောင်းအရင်းတခုကို သံဃအသိုင်းအ၀ိုင်းထဲက ပြောသမျှ သိရ တာက တော့ နာမည်ကြီး ဓမ္မကတိက သံဃာတပါးက စတင်လိုက်တာလို့ ဆိုပါတယ်။ 

အစိုးရ၊ သာသနာရေး ဝန်ကြီးဌာနနဲ့ မဟန တို့က ဓမ္မာစရိယ စာမေးပွဲ မအောင်ဘူးဆိုရင် ဓမ္မကထိက လုပ်ခွင့် မရှိဘူးဆိုတဲ့ စည်းမျည်းကန့်သတ်မှုတွေ လုပ်လာတော့ နာမည်ကြီး ဓမ္မကထိက တပါးက ဓမ္မာစရိယ စာမေးပွဲ မေးခွန်းအတွက် ကျမ်း တကျမ်းကို သိမ်း ၅၀ နဲ့ ကျမ်း ၃ ကျမ်းစာ ကျပ်သိန်း ၁၅ဝ ပေးပြီး ဝယ်ယူခဲ့တာလို့ ဆို နေကြပါတယ်။ 




အဲဒီ နာမည်ကြီး ဓမ္မကထိက ကလည်း အခြား ဓမ္မာစရိယ စာမေးပွဲ ဖြေဆိုကြမယ့်သံဃာတွေကို မေးခွန်း တစုံ ကို ကျပ်ငွေ ၂ သိန်း ၃ သိန်းနဲ့ ပြန်လည်မျှဝေရာကနေ မေးခွန်းပေါက်တယ်ဆိုတာ လူသိရှင် ကြား 
ဖြစ်သွားခဲ့တာ လို့ သံဃာအသိုင်းအဝိုင်းက ဆိုပါတယ်။ 

ဒီလိုသာ မေးခွန်းပေါက်ကြားတာတွေ၊ စာမေးပွဲ ဖြေဆိုပြီး အဂတိလိုက်စားပြီး စာမေးပွဲအောင်မြင်ရေး လုပ် ဆောင်မှုတွေဟာ မြန်မာနိုင်ငံ ပညာရေးစနစ်နဲ့ သာသနာ့ စာမေးပွဲတွေမှာ အခုလိုဆိုးဆိုး ဝါးဝါးဖြစ်နေမယ် ဆိုရင် အနာဂတ် မြန်မာနိုင်ငံအတွက် ပိုပြီး ရင်လေးစရာတွေ ဖြစ်လာနေပြီလို့ပဲ မှတ်ယူရမှာပါ။ 


လင်းသန့် ~ 



 





 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved