မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘာတေးလ် လစ်တနာဘယ်လိုဝေဖန်လဲ

Tuesday, March 18, 2014

မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ပြောင်းပြန်ဖြစ်နေတယ်လို့ မြန်မာ့အရေးကျွမ်းကျင်တဲ့ ဆွီဒင် သတင်းစာ ဆရာ ဘာတေးလ်လစ်တနာက ဝေဖန်ပြောလိုက်ပါတယ်။ 



ယမန်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသည့် ဟောပြောပွဲတွင် တွေ့ရသော ဘာတေးလ် လင့်တ်နာ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

 “အခု လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကြည့်မယ် ဆိုရင် တကယ်တမ်း ဖြစ်သင့် တာက စကား ပြောပြီးမှ သဘောတူ လက်မှတ်ထိုးတဲ့ ကိစ္စမျိုး ဖြစ်ရမှာပါ၊ အခုတော့ အရင် လက်မှတ် ထိုးမယ်၊ ပြီးမှ နိုင်ငံရေး အရ စကားပြောမယ် ဆိုတဲ့ ကိစ္စက စကားပုံ အနေနဲ့ပြောမယ် ဆိုရင် နွားရှေ့ ထွန်ကျူး သလို၊ မြင်းရှေ့ လှည်းရောက် နေ သလို ဖြစ်နေပါတယ်”လို့သူက ပြောလိုက်တာပါ။ 

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ မနေ့က ကျင်းပတဲ့ “ငြိမ်းချမ်းရေး ဖြစ်စဉ်၊ အခြေခံ ဥပဒေ ပြု
ပြင် ပြောင်းလဲရေး နှင့် တိုင်းရင်းသားတို့၏ အခန်းကဏ္ဍ” ဆိုတဲ့ ဟောပြောပွဲမှာ ဘာတေးလ် လင့်တ်နာ (Bertil Lintner) က မြန်မာ စကားပုံ တချို့နဲ့ ခိုင်းနှိုင်းပြီး ဝေဖန်ခဲ့တာပါ။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အဓိက လုပ်ဆောင်နေတဲ့ မြန်မာငြိမ်းချမ်းရေး စင်တာ MPC ကို လည်း ငွေတွေသာ ပုံအောပေးထားပေမယ့် အခုထိ ဘာမှ အလုပ်မဖြစ်ဘူးလို့ သူက ဝေဖန်ခဲ့ပါတယ်။ 

ဒီအကြောင်း သတင်းအသေးစိပ်ကို ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ ဧရာဝတီ သတင်းထောက် သူဇာ ရေးသား တင် ပြထားတဲ့ အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စနစ်ပြောင်းပြန် ဖြစ်နေဟု ဘာတေးလ် လင့်တ်နာ ဝေဖန် ဆိုတဲ့သတင်းမှာ ဖတ်နိုင်ပါတယ်။ 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved