စု ဖောင်ဒေးရှင်း ဘာတွေ လုပ်မှာလဲ

Monday, March 10, 2014

~


တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ စု ဖောင်ဒေးရှင်း ဖွင့်ပွဲ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။



(ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)

အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၊ ဖောင်ဒေးရှင်း ဒါရိုက်တာ အဖွဲ့ဝင်  မီရှဲယိုတို့ တက်ရောက်ကြတာ တွေ့ရပါတယ်။

ဖောင်ဒေးရှင်းရဲ့ ဂုဏ်ထူးဆောင် ဒုဥက္ကဋ္ဌတွေဖြစ်ကြတဲ့  လော်ရာဘုရှ် (အမေရိကန် သမ္မတဟောင်း ကတော်) ၊
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့ကလည်း သ၀ဏ်လွှာပေးပို့ကြပါတယ်။ ပေးပို့တဲ့ရုပ်သံသ၀ဏ်လွှာတွေကို အခမ်းအနားမှာ ဖွင့်ပြတာ တွေ့ရပါတယ်။
ဖောင်ဒေးရှင်းမှာ ပါဝင်တဲ့ ဒါရိုက်တာအဖွဲ့ဝင်များထဲမှာ Jerrold Green, Maria Hummer-Tuttle, Irwin Jacobs တို့လည်း ပါဝင်ပါတယ်။

စု ဖောင်ဒေးရှင်း ဘာတွေ လုပ်မှာလဲ ?
မြန်မာပြည်မှာ ဒီနှစ်ပိုင်းအတွင်း ဖောင်ဒေးရှင်းအများအပြား ပေါ်ပေါက်နေပါတယ်။
မနေ့က လူသိရှင်ကြား ပေါ်ပေါက်လာတဲ့ စု ဖောင်ဒေးရှင်းကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ ဖောင်ဒေးရှင်းဖြစ်တဲ့အတွက် အများရဲ့ အာရုံစိုက်မှု ရပါလိမ့်မယ်။

စုဖောင်ဒေးရှင်းက ပညာရေး ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်၊ လတ်တလော ဦးစားပေးလုပ်ငန်းထဲမှာ ထိပ်ဆုံးက ပါနေတာကတော့ ရန်ကုန်တက္ကသိုလ် နဲ့ ရန်ကုန်ဆေးရုံကြီး ပြန်လည်ပြုပြင်မွမ်းမံရေးအစီအစဉ်တွေဖြစ်ကြောင်း သိရပါတယ်။

 










.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved