~
-
မြောက်ကိုရီးယားခေါင်းဆောင်မှာ အမွှာညီအစ်ကို ရှိသလား မေးရင် အထက်ပါ ဓာတ်ပုံအရ ရှိတယ်လို့ ဖြေရဖွယ် ရှိနေပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုပ်ချင်း အင်မတန် ဆင်တူသူတယောက် တရုတ်ပြည်မှာ ရှိနေပါတယ်။ သူ့နာမည်ကတော့ Manchu Tuan ဖြစ်ပြီး လမ်းဘေးမှာ ဈေးရောင်းနေတာပါ။
-
- Liaoning ပြည်နယ်ထဲက Shenyang မြို့ကြီးမှာပါ။
ဖြတ်သွားဖြတ်လာတွေက သူ့ကို ဓာတ်ပုံတွေ ရိုက်ကြ၊ သူနဲ့အတူ တွဲရိုက်ကြပါတယ်။
သူက ကိုရီးယားနွယ်ဖွားလား၊ မြောက်ခေါင်းဆောင်နဲ့ ဘယ်လောက်အထိ အမျိုးတော်သလဲ၊ မတော်တဆ ရုပ်ချင်းဆင်နေတာလား။
ဒီမေးခွန်းတွေကို သူ နေ့တိုင်း ဖြေနေရတာပါ။ သူကတော့ ဒါတွေကို လျှို့ဝှက်ချက်အဖြစ်ထားတာကောင်းမယ်၊ လုံခြုံရေးအရ စကားများများပြောလို့ မရဘူးလို့ ဆိုတယ်၊ အဲ... အသားကင် ဝယ်မယ် ဆိုရင်တော့ ဖြေရင်လည်း ဖြေမှာပေါ့လို့ သူက ပြန်ပြောဖွယ် ရှိပါတယ်။
မြောက်ခေါင်းဆောင်နဲ့တူတဲ့ သူက ပြီးခဲ့တဲ့နှစ် ဧပရယ်ဖူးနေ့မှာ Facebook Page တခုတောင် လုပ်ထားသေးတယ်လို့ ဆိုတယ်။
အဲဒီ Facebook ပေါ်လာပြီး ၂ ပတ်အကြာမှာတော့ သူ့ကို စားသောက်ကုန်လုပ်ငန်းတခုက အစ္စရေး ခေါ်သွားပါတယ်။ အစ္စရေးမှာရှိတဲ့ အမြန်စာ အစားအသောက်ဆိုင်တခုအတွက် ကြော်ငြာရိုက်ဖို့ပါ။
ပြိုင်ဘက်ကြီးတခုဖြစ်တဲ့ အမြန်စာ မက်ဒေါ်နယ်က အိုဘားမားနဲ့ဆင်တူတဲ့သူတယောက်ကို ကြော်ငြာထဲ ထည့်ရိုက်ထားတာကို တုန့်ပြန်တဲ့အနေနဲ့ပေါ့။
ကိုရီးယားလို တခွန်းမှ မတတ်ပေမယ့်လည်း ပုံစံတူ သရုပ်ဆောင်နိုင်ခဲ့တယ်၊ အဲဒီကြော်ငြာလည်း ပေါက်ခဲ့တယ်လို့ ဆိုတယ်။
မြန်မာလုပ်ငန်းရှင်တွေကတော့ ဒီကောင်လေးကို ကြော်ငြာခေါ်ရိုက်ဖို့ အကြိမ်ကြိမ် စဉ်းစား ဆင်ခြင်ရပါမယ်၊ ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံးကို ကြောက်ရတယ် မဟုတ်လား။
ရန်ကုန် မြောက်သံရုံးရဲ့ လက်စ လက်န အကြောင်း ဒီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ အဲဒီထဲက တခုကို http://blog.irrawaddy.org/2011/12/blog-post_9817.html မှာ ပြန်ဖတ်နိုင်ပါတယ်။
ဒီကောင်လေးအကြောင်း ပြန်ဆက်ရရင်.... ရဲဘော်ကင်ဂျုံအန်းနဲ့ ရုပ်တူတယ် ဆိုတော့ ပိုပြီး တူသွားအောင် သူ့ယူနီဖောင်းမျိုး ၀တ်လိုက်တယ်၊ ဆံပင်ကိုလည်း ပုံစံတူ ညှပ်ပစ်လိုက်တယ်၊ အဲဒီနောက်ပိုင်း သူ့လုပ်ငန်း ပိုပြီး အောင်မြင်သွားတော့တာပါပဲ တဲ့။
ဝန်ထမ်းတယောက် ခန့်ထားတဲ့အတွက် အသားကင်တာကို ကိုယ်တိုင်မလုပ်တော့ဘူး၊ သူက ဓာတ်ပုံတွဲရိုက်တာနဲ့ ကိုယ်ဟန်ပြတာမျိုးပဲ လုပ်တော့တယ် တဲ့။
မြောက်ခေါင်းဆောင်က လမ်းဘေးမှာ အသားကင်ရောင်းနေတယ် ဆိုတဲ့သတင်း လူပြောများလာတဲ့အတွက် သူ့ဆိုင် ပိုရောင်းကောင်းလာတယ်လို့ ဆိုတယ်။
မြောက်ခေါင်းဆောင်ကလည်း သူ့ကို ကြိုက်မှာပါ။ ဒီငနဲကို ပြန်ပေးဆွဲပြီး အနားခေါ်ထားရင် ကောင်းမယ်။ စိတ်မချရတဲ့နေရာတွေဆို ငါကိုယ်တိုင်မသွားဘဲ သူ့ကို လွှတ်လိုက်လို့ရတယ် ဆိုပြီး တွေးကောင်း တွေးနိုင်ပါတယ်။
- ဆက်စပ် -
Kim Jong-Un’s Ladies in Rangoon
http://www.irrawaddy.org/north-korea/kim-jong-uns-ladies-in-rangoon.html
ရန်ကုန်ကို ခြေဆန့်လာတဲ့ ပြုံယမ်း
http://burma.irrawaddy.org/%E1%81%80_reataurant/2012/10/06/22214.html
Rodman Sings Happy Birthday to North Korean Leader
http://www.irrawaddy.org/asia/rodman-sings-happy-birthday-north-korean-leader.html
.
-
မြောက်ကိုရီးယားခေါင်းဆောင်မှာ အမွှာညီအစ်ကို ရှိသလား မေးရင် အထက်ပါ ဓာတ်ပုံအရ ရှိတယ်လို့ ဖြေရဖွယ် ရှိနေပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုပ်ချင်း အင်မတန် ဆင်တူသူတယောက် တရုတ်ပြည်မှာ ရှိနေပါတယ်။ သူ့နာမည်ကတော့ Manchu Tuan ဖြစ်ပြီး လမ်းဘေးမှာ ဈေးရောင်းနေတာပါ။
-
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSZ25yBFIhGBJHoBPaX4t1U1s8INmaeDyrhfxT4tvxUto4YkcCatqkDY2mNQ_ZdIUK7CEVQfyM2Z_42AFfpApjRZgTO6knzkW4PI-iOOCUBCZMgC1ewo9A34Lm3_ozVXNkY4YIY__s1TpT/s1600/1609694_10201890266354426_1747533680_n.jpg)
ဖြတ်သွားဖြတ်လာတွေက သူ့ကို ဓာတ်ပုံတွေ ရိုက်ကြ၊ သူနဲ့အတူ တွဲရိုက်ကြပါတယ်။
သူက ကိုရီးယားနွယ်ဖွားလား၊ မြောက်ခေါင်းဆောင်နဲ့ ဘယ်လောက်အထိ အမျိုးတော်သလဲ၊ မတော်တဆ ရုပ်ချင်းဆင်နေတာလား။
ဒီမေးခွန်းတွေကို သူ နေ့တိုင်း ဖြေနေရတာပါ။ သူကတော့ ဒါတွေကို လျှို့ဝှက်ချက်အဖြစ်ထားတာကောင်းမယ်၊ လုံခြုံရေးအရ စကားများများပြောလို့ မရဘူးလို့ ဆိုတယ်၊ အဲ... အသားကင် ဝယ်မယ် ဆိုရင်တော့ ဖြေရင်လည်း ဖြေမှာပေါ့လို့ သူက ပြန်ပြောဖွယ် ရှိပါတယ်။
မြောက်ခေါင်းဆောင်နဲ့တူတဲ့ သူက ပြီးခဲ့တဲ့နှစ် ဧပရယ်ဖူးနေ့မှာ Facebook Page တခုတောင် လုပ်ထားသေးတယ်လို့ ဆိုတယ်။
အဲဒီ Facebook ပေါ်လာပြီး ၂ ပတ်အကြာမှာတော့ သူ့ကို စားသောက်ကုန်လုပ်ငန်းတခုက အစ္စရေး ခေါ်သွားပါတယ်။ အစ္စရေးမှာရှိတဲ့ အမြန်စာ အစားအသောက်ဆိုင်တခုအတွက် ကြော်ငြာရိုက်ဖို့ပါ။
ပြိုင်ဘက်ကြီးတခုဖြစ်တဲ့ အမြန်စာ မက်ဒေါ်နယ်က အိုဘားမားနဲ့ဆင်တူတဲ့သူတယောက်ကို ကြော်ငြာထဲ ထည့်ရိုက်ထားတာကို တုန့်ပြန်တဲ့အနေနဲ့ပေါ့။
ကိုရီးယားလို တခွန်းမှ မတတ်ပေမယ့်လည်း ပုံစံတူ သရုပ်ဆောင်နိုင်ခဲ့တယ်၊ အဲဒီကြော်ငြာလည်း ပေါက်ခဲ့တယ်လို့ ဆိုတယ်။
မြန်မာလုပ်ငန်းရှင်တွေကတော့ ဒီကောင်လေးကို ကြော်ငြာခေါ်ရိုက်ဖို့ အကြိမ်ကြိမ် စဉ်းစား ဆင်ခြင်ရပါမယ်၊ ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံးကို ကြောက်ရတယ် မဟုတ်လား။
ရန်ကုန် မြောက်သံရုံးရဲ့ လက်စ လက်န အကြောင်း ဒီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ အဲဒီထဲက တခုကို http://blog.irrawaddy.org/2011/12/blog-post_9817.html မှာ ပြန်ဖတ်နိုင်ပါတယ်။
ဒီကောင်လေးအကြောင်း ပြန်ဆက်ရရင်.... ရဲဘော်ကင်ဂျုံအန်းနဲ့ ရုပ်တူတယ် ဆိုတော့ ပိုပြီး တူသွားအောင် သူ့ယူနီဖောင်းမျိုး ၀တ်လိုက်တယ်၊ ဆံပင်ကိုလည်း ပုံစံတူ ညှပ်ပစ်လိုက်တယ်၊ အဲဒီနောက်ပိုင်း သူ့လုပ်ငန်း ပိုပြီး အောင်မြင်သွားတော့တာပါပဲ တဲ့။
ဝန်ထမ်းတယောက် ခန့်ထားတဲ့အတွက် အသားကင်တာကို ကိုယ်တိုင်မလုပ်တော့ဘူး၊ သူက ဓာတ်ပုံတွဲရိုက်တာနဲ့ ကိုယ်ဟန်ပြတာမျိုးပဲ လုပ်တော့တယ် တဲ့။
မြောက်ခေါင်းဆောင်က လမ်းဘေးမှာ အသားကင်ရောင်းနေတယ် ဆိုတဲ့သတင်း လူပြောများလာတဲ့အတွက် သူ့ဆိုင် ပိုရောင်းကောင်းလာတယ်လို့ ဆိုတယ်။
မြောက်ခေါင်းဆောင်ကလည်း သူ့ကို ကြိုက်မှာပါ။ ဒီငနဲကို ပြန်ပေးဆွဲပြီး အနားခေါ်ထားရင် ကောင်းမယ်။ စိတ်မချရတဲ့နေရာတွေဆို ငါကိုယ်တိုင်မသွားဘဲ သူ့ကို လွှတ်လိုက်လို့ရတယ် ဆိုပြီး တွေးကောင်း တွေးနိုင်ပါတယ်။
- ဆက်စပ် -
Kim Jong-Un’s Ladies in Rangoon
http://www.irrawaddy.org/north-korea/kim-jong-uns-ladies-in-rangoon.html
ရန်ကုန်ကို ခြေဆန့်လာတဲ့ ပြုံယမ်း
http://burma.irrawaddy.org/%E1%81%80_reataurant/2012/10/06/22214.html
Rodman Sings Happy Birthday to North Korean Leader
http://www.irrawaddy.org/asia/rodman-sings-happy-birthday-north-korean-leader.html
.
0 comments :
Post a Comment