စပယ်ယာဘီးထဲက ဒေါ်လာ ၁၂,ဝဝဝ တန် ဆေးခြောက်ထုပ်

Saturday, March 22, 2014

~


 



 -
အမေရိကန် အိုဟိုင်းယိုးပြည်နယ်က အမျိုးသမီးတယောက် ကားဘီးပေါက်လို့ ဘီးလဲလှယ်ရာမှာ ကားဘီးထဲ ဆေးခြောက် အလေးချိန် ၈ ပေါင် ထည့်ထားတာ တွေ့လိုက်ရတယ် တဲ့။

အဲဒီ စပယ်ယာဘီးထဲက ဆေးခြောက်တွေရဲ့ တန်ဘိုးက ဒေါ်လာ ၁၂,ဝဝဝ ပေါက်ဈေးရှိတယ်လို့ ကလိဗ်လင်န်မြို့ကလာတဲ့   Reuters သတင်းတပုဒ်မှာ ရေးထားတာပါ။

 ဒီကားကို သူ ဝယ်ထားတာ ၇ လ ရှိပြီ ဆိုတော့ သူက ဒီကားနဲ့ ဆေးခြောက်တွေသယ်ပြီး ၇ လ ဝန်းကျင် လျှောက်သွားနေတဲ့သဘော ဖြစ်နေပြီပေါ့။

အမေရိကန်မှာ ကော်လိုရာဒိုပြည်နယ်အတွင်းတော့ ဆေးခြောက်က တရားဝင်ခွင့်ပြုထားပါတယ်။ အဲဒီပြည်နယ်မှာပဲ ခွင့်ပြုတာပါ။
အိုဟိုင်းယိုးပြည်နယ်မှာတော့ ဆေးခြောက်က တရားမ၀င်ပါ။

ဆေးခြောက်တွေကို ရှာဖွေတွေ့ရှိခဲ့တာကတော့ ကားမောင်းသူလည်း မဟုတ်သလို၊ ရဲတွေလည်း မဟုတ်ပါ။ ၀ပ်ရှော့ဆရာတွေလို့ ဆိုပါတယ်။

 ဒီကားက အသစ်ဖြစ်တယ်၊ ပြီးခဲ့တဲ့ သြဂုတ်လက ၀ယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကားမောင်းသူ အမျိုးသမီးကို ဘယ်ပုဒ်မနဲ့မှ တရားစွဲမထားပါဘူး တဲ့။
ကားအတွင်း ကားဘီးအပိုလိုမျိုးနေရာတွေ၊ မထင်မှတ်တဲ့ နေရာတွေမှာ ဆေးခြောက်တွေ ၀ှက်ထားတတ်တာကတော့ ထုံးစံပဲလို့ ဆိုတယ်။

ဒီဖြစ်ရပ်မှာ ၀ပ်ရှော့ဆရာများကို ကျေးဇူးတင်ရပါလိမ့်မယ်။ သူတို့ဆီမှာ လှည့်နေတဲ့ရဲကားကသိပ်များတဲ့အတွက် ရဲက အကူအညီပေးဖို့လာတဲ့အခါ ဆေးခြောက်တွေ တွေ့ရင် ဒီအမျိုးသမီး အချုပ်ထဲ ရောက်မှာ အသေအချာပါပဲ။ ဒီသတင်းက ရက်နည်းနည်းကြာသွားပြီမို့ နည်းနည်းဟောင်းနေပေမယ့်လည်း  ဧရာဝတီဘလော့ http://blog.irrawaddy.org ပရိသတ် သိသင့်တဲ့အတွက် ပြန်လည် ဖောက်သည်ချလိုက်ခြင်းပါ။  အမေရိကန်မှာ ကားအသစ်ဝယ်ဝယ် အဟောင်းဝယ်ဝယ် ရှာဖွေရေးလုပ်သင့်ကြောင်း ဒီသတင်းက ပြောသလို သတိပေးသလို ဖြစ်နေပါပြီ။

ကားထဲ ထင်မှတ်မထားတဲ့ပစ္စည်းတွေ တွေ့တတ်တယ်မဟုတ်လား။

မြန်မာပြည်မှာလည်း ကားဝယ်ကြတဲ့အခါ ဟိုဟိုဒီဒီ ရှာဖွေကြည့်တာ မမှားဘူးလို့ ယူဆရပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved