ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာတွေ့ဆုံ

Monday, March 10, 2014

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ မနေ့ မတ်လ ၉ ရက်နေ့ က နေပြည်တော်မှာ ၁ နာရီနီးပါး တွေ့ဆုံဆွေးနွေးကြပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် ပထမဆုံး အကြိမ်တွေ့ဆုံစဉ်ကမှတ်တမ်းဓာတ်ပုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ နေပြည်တော်က သမ္မတဦးသိန်းစိန်ရဲ့ လယ်တော အိမ် မှာ မနေ့က ညနေ ၅ နာရီကနေ ၅ နာရီ မိနစ် ၅ဝ အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ NLD ပါတီ ဖေ့စ်ဘုတ် စာမျက်နှာက ထုတ်ပြန်ထားပါတယ်။ 

ဆွေးနွေးမှု အကြောင်းအရာတွေနဲ့ပတ်သက်ပြီး သိနိုင်ဖို့ NLD ပါတီ ဗဟို အလုပ်အမှုဆောင်လည်းဖြစ် တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်ထံကို မေးမြန်းနိုင် တယ် လို့ ဖော်ပြ ထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ ၂ဝ၁၂ ခုနှစ် သြဂုတ်လတုန်းက နေပြည်တော်မှာ လူသိရှင် ကြား ၂ ကြိမ်တွေ့ဆုံခဲ့ပါသေးတယ်။ 

အလားတူ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ကလည်း အမေရိကန်ပြည်ထောင်စုကို ဦးသိန်းစိန် ရောက်ရှိခိုက် ကြိုပြီး ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က တည်းခိုရာ ဟိုတယ်ကို သွားရောက် တွေ့ ဆုံခဲ့ပါသေး တယ်။ 


အိမ့်သံစဉ် ~ 


 







 

3 comments :

  1. Anonymous said... :

    အစိုးရကို ပွင့်လင်းမြင်သာဖို့ အမေစုက အမြဲပြောပြီး သူကိုယ်တိုင်ကြတော့ ဘယ်သူနဲ့ ဘာပြောခဲ့တယ်ဆိုတာ ဘယ်တော့မှ လူထုကို ပေးမသိဘူး။ ဦးအောင်ကြည်နဲ့ ကတည်းက အစိုးရနဲ့ ဘာတွေဆွေးနွေးခဲ့တယ် ဘယ်လိုညှိုနှိုင်းခဲ့တယ် ဆိုတဲ့စကားများ ကြားမလားမျှော်ခဲ့တာ အခုထိ ဘာမှမသိရဘူး။ အကုန်လုံး သူတစ်ယောက်တည်း သိပြီးသူလုပ်သမျှ မှန်တယ်သူလုပ်တာ ထိုင်စောင့်ကြည့် မသိပဲမပြောနဲ့ဆိုတဲ့ ဆိုတဲ့သူ့တပည့်တွေ တရားပဲနာနေရတယ်။ NLDပါတီဝင်ဆိုတာ ဘာအဓိပါယ်မှန်းတောင် မသိတော့ဘူး

  1. minsoe said... :

    တစ်ခါတစ်ရံဒေါ်စုရဲ့လုပ်ဆောင်ချက်တွေကနားလည်ရအင်မတန်ခက်ပါတယ်..ခုလိုတွေ့တုန်းဒေါ်စုပြောခြင်တာတွေ၊လုပ်ခြင်တာတွေအကုန်သမတကြီးကိုအကုန်ပြောခဲ့ပါ။အဆင်ပြေရင်လူထုကမသိရဘူး။သမတနဲ့အဆင်မပြေရင်ဟိုနေရာမှာသမတမကောင်းကြောင်းပြောပြီးလူထုကသမတကိုမုန်းအောင်ဟိုဖွဒီဖွနဲ့လူထုကိုထိပ်တိုက်တွေ့ပွဲထဲဆွဲမသွင်းပါနဲ့။အရင်ဒေါ်စုလဲထိပ်တိုက်တွေ့လမ်းစဉ်ကျင့်သုံးတာမအောင်မြင်ခဲ့ပါဘူး...ကြားထဲကလူထုနစ်နာတာဘဲအဖတ်တင်တယ်။ဒီအချိန်ကပြန်လည်သင့်မြတ်ရေးစီသွားရမဲ့အချိန်ပါ။

  1. Anonymous said... :

    သမတကြီးခင်ဗျား။
    အပေါ်က ပုံထဲမှာမြင်နေရတဲ့ (ချိတ်ထားတဲ့) ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံဟာ အရေးပေါ်ချိတ်လိုက်တဲ့ ခါတော်မှီ ပုံတော့ မဟုတ်လောက်ပါဘူးနော်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved