~
တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ဒီနေ့ ပြီးပါပြီ။
(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)
-
ဒီကနေ့ ရန်ကုန်မြို့ စာမေးပွဲခန်းထဲကထွက်လာတဲ့ အထက်တန်းကျောင်းသူကျောင်းသားတချို့ နဲ့ သူတို့ စာမေးပွဲဖြေချိန်မှာ ကျောင်းအပြင်ဘက်ကစောင့်နေတဲ့ မိသားစုဝင်တွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ကျက်ခဲ့ ဖတ်ခဲ့ တွက်ခဲ့ရတဲ့ သင်ခန်းစာ လေ့ကျင့်ခန်းတွေက အများအပြား။ စာမေးပွဲဖြေခဲ့ရတဲ့ရက်ပေါင်း ၆ ရက်၊ ဒီကနေ့ စာမေးပွဲခန်းထဲ ထိုင်ခဲ့ရတာက ၃ နာရီ။ ဒီလို အလေးအပင်တွေထမ်းရတဲ့ကာလ အဆုံးသတ်သွားပြီဆိုတော့ အင်မတန် ပေါ့ပါးသွားတဲ့အခြေအနေပါပဲ။
ရုပ်ရှင်ကြည့်၊ လည်ပတ်၊ ခရီးထွက်၊ အင်တာနက်သုံး၊ အကြောင်းအရာတမျိုးမျိုးကို လေ့လာ အစရှိတာတွေအတွက် အချိန်ပေးနိုင်ပြီပေါ့။
ဆယ်ကျော်သက်အများစုကတော့ ဖြေနိုင်သည်ဖြစ်စေ မဖြေနိုင်သည်ဖြစ်စေ စာမေးပွဲပြီးချိန်မှာ ပျော်ရွှင်နေကြမှာ သေချာတယ်လို့ ဆိုနိုင်ပါတယ်။
နေပူပူ၊ အရာရာအားလုံး ပူနေတဲ့ အခြေအနေမှာ မိသားစုဝင်ကျောင်းသူကျောင်းသားတွေကို စောင့်စားနေကြသူများ။
.

0 comments :
Post a Comment