ထိုင်း အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် မစ္စ ယင်လတ် ယတြာကျေသွားပြီတဲ့

Wednesday, March 19, 2014

ထိုင်း အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် မစ္စ ယင်လတ်ရှင်နာဝတ် ဟာ ဇာတိ ချင်းမိုင်မြို့မှာ တနေ့က ချော်လဲ ကျခဲ့လို့ ခြေပွတ် တိုင် လည်သွားကာ လမ်းမလျှောက်နိုင်ဖြစ်နေပါတယ်။ 

 လဲကျလို့ ခြေထောက်ဒဏ်ရာ ရသွားတဲ့ ထိုင်း အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် မစ္စ ယင်လတ်ရှင်နာဝပ်၊ 
ဓာတ်ပုံ- မစ္စ ယင်လတ် ရှင်နာဝပ် ဖေစ့်ဘုတ်

ဒါကြောင့် ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရပါတယ်။ ဆရာဝန်တွေ ကတော့ 
ခြေကျင်းဝတ် ပြန်လည်ကောင်းမွန်ဖို့ ဆေးပတ်တီး စီးပေးထားတယ်လို့ မစ္စ ယင်လတ်ရဲ့ တရားဝင် 
ဖေ့စ်ဘုတ် မှာ ရေးထားပါတယ်။ 

အခုလို မစ္စယင်လတ်ရဲ့ လမ်းမလျှောက်နိုင်ပဲ ဘီးတပ်ကုလားထိုင်နဲ့ ဓာတ်ပုံအောက်မှာ တရက်တာအတွင်း မှတ်ချက်ပေး သူတွေက အတော် များနေပါပြီ။ 

တချို့ကလည်း သူ့ကို ထောက်ခံသူဖြစ်လို့ အားပေးစကားနဲ့ ဝမ်းနည်းစကားတွေ ဆိုထားကြပြီး တချို့က လည်း တိုက်ခိုက် ပြစ်တင်ထားတာတွေလည်း တွေ့ရပါတယ်။ 

ကွန်မန့်ပေးသူ တယောက်တော့ အခုလို ပြုတ်ကျလိုက်တာ ယတြာကျေသွားတယ်လို့ ပြောထားတာလည်း ပါတယ်။ 


အိမ့်သံစဉ် ~ 


 






 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved