ကချင်ဒေသစစ်ဆင်ရေးမှာ ရဟတ်ယာဉ် ၂ စီး ဆုံးရှုံး

Tuesday, March 25, 2014

~


 

 -
မြန်မာ့တပ်မတော်ရဲ့ ကချင်ဒေသစစ်ဆင်ရေးမှာ ရဟတ်ယာဉ် ၂ စီး ဆုံးရှုံးတယ်၊ အကျအဆုံးကလည်း ထောင်နဲ့ချီရှိတယ်လို့ စစ်ရေးဆိုင်ရာအထူးပြု IHS Jane’s Defence စာစောင်မှာ မကြာသေးခင်က ရေးသားထားပါတယ်။

၂၀၁၂၊ ၂၀၁၃ ကာလအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ဖြစ်ခဲ့တဲ့ ဆုံးရှုံးမှုတွေဖြစ်ကြောင်း ဗြိတိန်အခြေစိုက် အဲဒီ စာစောင်က ရေးတဲ့အကြောင်း ဧရာဝတီ သတင်းတပုဒ်ဖြစ်တဲ့ http://www.irrawaddy.org/burma/army-lost-2-helicopters-suffered-heavy-personnel-losses-past-kachin-offensive-report.html မှာ တွေ့ရပါတယ်။

အဲဒီကာတိုက်ပွဲတွေအတွင်း တိုက်ပွဲကျတဲ့ မြန်မာ့တပ်မတော်က ရဲဘော် အရေအတွက်က ငါးထောင် အထိ ရှိမယ်လို့ သူတို့က ခန့်မှန်းပါတယ်။

ကချင်ဒေသ စစ်ခင်းမှုကြောင့် မြန်မာ့တပ်မတော်ရဲ့ တိုက်ရည်ခိုက်ရည် တိုးတက်တာတော့ အသေအချာပါပဲ။
သို့သော်လည်း ကုန်ကျစရိတ်ကတော့ အတော်များပါလိမ့်မယ်။
ကန်သွားတာ သုံးလိုက်တာက နိုင်ငံရဲ့ဘဏ္ဍာ၊ ပြည်သူရဲ့ ဘဏ္ဍာတွေပါပဲ။
သေသွားကြတာ ဘယ်ဘက်ကပဲဖြစ်ဖြစ် မြန်မာပြည်သားတွေပါပဲ။
ဝမ်းသာစရာအကြောင်း မရှိပါဘူး။

အချင်းချင်းသတ်နေကြတာထက် မိုက်မဲတာ ဘာများ ရှိအုံးမလဲ။

သတင်းကောင်းကတော့ တိုက်ပွဲသတင်းတွေ လတ်တလော မကြားရခြင်းပါ။

အပစ်အခတ်တွေ ထိန်းသိမ်းထားနိုင်တဲ့အတွက် တပ်မတော်ကိုရော KIA ကိုပါ ချီးကျူးရမှာ ဖြစ်ပါတယ်။

အပေါ်ပုံ - ၂၀၁၂ ဒီဇင်ဘာလ  ကချင်ပြည်နယ် တိုက်ခိုက်မှုအတွင်း အသုံးပြုခဲ့သည့် အစိုးရတပ် ရဟတ်ယာဉ်တစီး (ဓာတ်ပုံ - ဂျွန်စံလင်း/ဧရာဝတီ)

  • မူရင်း

Army Lost 2 Helicopters, Suffered Heavy Personnel Losses in Past Kachin Offensive: Report
http://www.irrawaddy.org/burma/army-lost-2-helicopters-suffered-heavy-personnel-losses-past-kachin-offensive-report.html  

  • ဆက်စပ်

UWSA တပ်ဖွဲ့ဝင် ၃ဝ တရုတ်ပြည်မှာ လေယာဉ်မောင်းသင်တန်းတက်မယ်
http://blog.irrawaddy.org/2014/02/uwsa.html

ရန်ကုန်ရဲ့ ရဟတ်ယာဉ်အိပ်မက်
http://blog.irrawaddy.org/2013/12/blog-post_9760.html

လိုင်ဇာဒေသ လေကြောင်းစစ်ဆင်ရေး
http://blog.irrawaddy.org/2012/12/blog-post_7603.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved