သဲကုန်းမြို့သပိတ်စခန်းဖြိုခွဲသူတို့ကို မေတ္တာပို့ခြင်း

Sunday, March 16, 2014

  ~

 
ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က
ပဲခူးတိုင်း သဲကုန်းမြို့နယ် သပိတ်စခန်း ဖြိုခွင်းခံရမှု တလပြည့် အထိမ်းအမှတ်အဖြစ်   သောကြာနေ့က အောင်ကုန်းကျေးရွာရှိ ဘုရားမှာ  ဒေသခံ တောင်သူတွေက မေတ္တာပို့ ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။

 -
ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ

-
“ကျနော်တို့အပေါ် အကြမ်းဖက်ဖြိုခွင်းပေမဲ့ ကျနော်တို့က မေတ္တာမပျက်ဘူး။ အခု ဘုရားမှာ ကောင်းမှုကုသိုလ်လုပ်ပြီး မေတ္တာပို့တာပါ” လို့ အောင်ကုန်းရွာမှ ဦးဆောင်သူ ကိုပေါက်စက ဧရာဝတီကို ပြောပါတယ်။

ဘယ်သူတွေကို မေတ္တာပို့နေကြတာလဲ?

“လယ်တွေကို မတရားသိမ်းခဲ့တဲ့ ဦးထိုင်ထိုင်ရယ်၊ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ မြို့နယ်မှူး ဇော်အောင်ရယ်။ သမဝါယမဝန်ကြီးဌာန တွေကို မေတ္တာပို့ဆုတောင်းပေးတာပါ” လို့  ကိုပေါက်စက ဆက်ပြောပါတယ်။

၁၉၉၉ မှာ အစိုးရက   အောင်ကုန်း၊ သင်တော၊ ကစွန်းအင်း၊ ရင်းတိုက်တန်း၊ နှောကုန်း၊   ဆောက်ခြုံကြီးကျေးရွာတွေက လယ် ၁၁၅၉.၅၅ ဧကကို ရေနက်ကွင်း ဖော်ထုတ်မယ် ဆိုပြီး သိမ်းထားတဲ့ လယ်တွေဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်မှာတော့   လယ်ယာလက်ကား သမဝါယမအသင်း အမှတ်(၃) လီမီတက်ပိုင်ရှင် ဦးထိုင်ထိုင်လက်ထဲ ရောက်သွားတယ်လို့ ဆိုပါတယ်။

သူတို့ သပိတ်စခန်း ဖြိုခွင်းမှုအကြောင်း ဒီဘလော့ http://blog.irrawaddy.org မှာ ဖော်ပြခဲ့ပြီးပါပြီ။

မြို့ပေါ်မှာ ဖြိုခွင်းခံရလို့ သူတို့ရဲ့ သပိတ်စခန်းကို အောင်ကုန်းရွာရှိ ဒေါ်မုန်းနေအိမ်မှာ ယာယီသွားဖွင့်ထားတယ်လို့ ကိုပေါက်စက ဆိုပါတယ်။

“သပိတ်က မလှန်ပါဘူး။ အခု ဆန္ဒပြဖို့လုပ်နေပါတယ်။ ဆယ်တန်းစာမေးပွဲရှိနေလို့ပါ။ အခုချိန်အထိတော့ သက်ဆိုင်ရာတွေရော၊ ဦးထိုင်ထိုင်ရော လာပြီး စုံစမ်းမေးမြန်းတာ မရှိဘူး”

ဆယ်တန်းစာမေးပွဲက
လာမယ့် ရက်ပိုင်းအတွင်း ပြီးဆုံးမှာဖြစ်ပါတယ်။ 

  • ဆက်စပ်ဖတ်ရှုရန် -

သီတဂူဆရာတော်မိန့်ကြားချက် လိုက်နာတဲ့ သဲကုန်းမြို့ရဲတပ်ဖွဲ့
http://blog.irrawaddy.org/2014/02/blog-post_7769.html

ဒီမိုကရေစီထက် ကိုယ့်လယ်ပဲ ကိုယ်ပြန်လိုချင်တယ်
http://blog.irrawaddy.org/2014/02/blog-post_3480.html


ကောင်းမြတ်မင်း



 






 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved