၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း အပါအဝင် ဒေသခံ တချို့ဟာ ဒီကနေ့ ပခုက္ကူမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ခဲ့ကြလို့ ခေတ္တ ထိန်းသိမ်းခံ လိုက်ကြရပါတယ်။
ဒီမနက် ပခုက္ကူမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒဖော်ထုတ်နေစဉ်၊ ဓာတ်ပုံ- သဉ္ဖာခိုင်/၈၈ မျိုးဆက်)
ဖြစ်ပုံကတော့ ဒီကနေ့ မတ်လ ၂၆ ရက်နေ့ နံက်ပိုင်းမှာ မကွေးတိုင်း ပခုက္ကူ မြို့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည် ဟောပြောပြီး ဆန္ဒဖော်ထုတ်ပွဲ တခုကို ဒေသခံ ပြည်သူတွေ နဲ့ အတူ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်)က ခေါင်းဆောင်များလည်း အတူ လုပ်ဆောင်ခဲ့ကြပါတယ်။
အဲဒီလို လုပ်ဆောင်ခဲ့မှုအပေါ် ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆန္ဒဖော်ထုတ်မှုမှာ ပါဝင်တဲ့ ၅ ဦးကို ပခုက္ကူ ရဲတပ်ဖွဲ့က ခေါ်ယူခဲ့တယ်လို့ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) ခေါင်းဆောင်တဦးလည်းဖြစ် ပြန်ကြားရေး တာဝန်ယူထားသူတဦးဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်က အခုလို အသိပေး ပြောထားပါတယ်။
ပခုက္ကူဆန္ဒပြပွဲပါဝင်သူ ၅ ဦးကို ပခုက္ကူရဲတပ်ဖွဲ့ခေါ်ယူ
ယနေ့ မတ်လ ၂၆ ရက် နံနက် ပခုက္ကူမြို့တွင် ခွင့်ပြုချက်မရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည်၊ ဟောပြောပြီး ဆန္ဒဖော်ထုတ်ကြသူများအနက် ပခုက္ကူဒေသခံများဖြစ်ကြသော ကိုသန်းနိုင်၊ ကိုသက်ကြူနှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ ဦးကို ပခုက္ကူရဲစခန်းမှ စခန်းမှူးက လာခေါ်ကြောင်း နှင့် ၈၈ မျိုးဆက်တို့က ထမင်းစားပြီး မှ လာခဲ့မည်ဟု အကြောင်းပြန်ထားကြောင်း ယခု ၁၂း၀၀ နာရီတွင် ပခုက္ကူမှ သတင်းရသည်။
ပခုက္ကူရဲစခန်းမှာ
=========
အခု မွန်းလွဲ ၁း၀၀ နာရီတွင် ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်းနှင့် ပခုက္ကူ ဒေသခံ ၂ ဦး ပခုက္ကူရဲစခန်းမှာ ရောက်နေပါသည်။
စခန်းမှူးက ပုဒ်မ ၁၈ ဖြင့် တရားဆွဲမည်ဟု ပြောပါသည်။ တရားဆွဲပြီးလျှင် အာမခံပေးမည် ဟု ပြောပါသည်။ ပြီးလျှင် ခံဝန်လက်မှတ်ထိုးရမည်ဟု ပြောပါသည်။
ကိုပြုံးချိုအပါအ၀င် ၅ ဦးစလုံးက ခံဝန်မထိုးပါ။ အာမခံမယူပါ။ လုပ်ထုံးလုပ်နည်းအတိုင်း အချုပ်ခန်းထဲသို့သာ ထည့်လိုက်ပါ ဟု ပြန်ပြောပါသည်။
(မွန်းလွဲ ၁း၁၅ နာရီ)
သတင်းတွေအရ ရဲစခန်းထဲမှာ ထိန်းသိမ်းထားသူစုစုပေါင်း ၄ ဦး လို့ သိရပြီး မကြာခင် အချိန်အပိုင်းအခြား အတွင်း ပြန်လွတ်လာမှာဖြစ်တယ်လို့ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) က ကိုအံ့ဘွယ်ကျော်က ဧရာဝတီက
ပြောပါတယ်။
အခု နောက်ဆုံး သတင်းတွေအရ ရဲစခန်းထဲ ထိန်းသိမ်းခံထားရသူတွေ ပြန်လွတ်လာပြီလို့ သိရပါတယ်။
ကိုပြုံးချို၊ မမီးမီး၊ နီလာသိန်းနှင့် ဒေသခံတို့ ပခုက္ကူ ခရိုင်ရုံးထဲမှ ယခု ပြန်ထွက်လာကြပြီဟု သိရ။
( မွန်းလွဲ ၃း၃၀ နာရီ)
၈၈ မျိုးဆက် ( ငြိမ်း/ပွင့်)
အိမ့်သံစဉ် ~
-
ဒီ 88 အမည်ခံ လုပ်စားတွေရဲ့ ဘဝရပ်တည်မှုက ထောင်ကျမှ ပိုအနစ်နာခံတဲ့သူ လို့ ပြည်သူက ထင်ကြမှာလေ . ဒါကြောင့် ထောင်အချခံချင်ကြတာ
ခဲ