လယ်သမားအသံများ လွှတ်တော်ကိုသွား

Wednesday, March 26, 2014

~

  
လယ်/စီ လို့ အတိုကောက် ခေါ်ကြတဲ့ ရပ်ကွက်ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွေကို အရေးယူပေးပါလို့  ပုသိမ်ခရိုင် လယ်သမားတွေက  ပြည်ထောင်စုလွှတ်တော်ကို ပြောလိုက်ပါပြီ။
 


(ဓာတ်ပုံများ - ဆလိုင်းသန့်စင် / ဧရာဝတီ)

ပြောလိုက်သူတွေကတော့ ပုသိမ်မြို့ ကန်သုံးဆင့်ကွင်းထဲမှာ အင်္ဂါနေ့ကကျင်းပခဲ့တဲ့ ပုသိမ်ခရိုင် လယ်သမားအစည်းအဝေး တက်ရောက်သူတွေထဲက  ၁၂၈ ဦးပါပဲ။

“လယ်ယာမြေမှုခင်းတွေမှာ ဘက်လိုက်ဆောင်ရွက်နေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွေကို အရေးယူပေးဖို့ ဆိုပြီးတော့ လယ်သမားတွေက ဆန္ဒပြခဲ့ကြတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းအစိုးရက ဘာမှ အရေးယူမပေးဘူး။
ဒါကြောင့် လယ်သမားတွေ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်ကိုပေးပို့တောင်းဆိုတာဖြစ်ပါတယ်”  လို့ လယ်သမားအရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦးက ဧရာဝတီကို ပြောပါတယ်။

အစည်းအဝေးကို ပုသိမ်၊ ကျောင်းကုန်း၊သာပေါင်း၊ ငပုတော၊ လပွတ္တာ၊ ပန်းတနော်၊ ငွေဆောင်နဲ့ ချောင်းသာဒေသက လယ်သမား ၁၅၀ ကျော် တက်ရောက်ခဲ့ကြပြီး  ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တွေကို ဝေဖန်ခဲ့ကြတာ တွေ့ရပါတယ်။
 

အဖွဲ့ဝင် ၅ ဦးပါ လယ်/စီ ဖွဲ့စည်းပုံ

ကျေးရွာအုပ်ချုပ်ရေးမှူး  - ဥက္ကဋ္ဌ၊
ကျေးရွာမြေတိုင်းစာရေး (မြေစာရင်းဌာန၀န်ထမ်း) - အတွင်းရေးမှူး၊
ကျေးရွာစာရေး၊
ရပ်မိရပ်ဖတဦး၊
လယ်သမားကိုယ်စားလှယ်တဦး

အင်္ဂါနေ့ အစည်းအဝေးကို ရန်ကုန်မြို့က လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချို၊ ဦးဇော်ရမ်းတို့လည်း တက်ရောက်ပါတယ်။

 


ဦးဝင်းချို

"ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်ကို အုပ်ချုပ်ရေးအာဏာအပြင် လယ်ယာမြေကိစ္စရပ်မှာ စီရင်ဆုံးဖြတ်ခွင့် တရားစီရင်ရေး အာဏာကို ပေးအပ်ထားတာဟာ မဖြစ်သင့်တဲ့ကိစ္စပါ။
 လယ်ယာမြေပြဿနာတွေကို ပိုပြီး ခက်ခဲရှုပ်ထွေးစေပါတယ်...
"
ဦးဝင်းချို -
 

ဦးဇော်ရမ်း

 
- "ကျေးရွာက လယ်ယာမြေပြဿနာတွေမှာ အုပ်ချုပ်ရေးမှူး၊ မြေတိုင်းစာရေးနဲ့  ရပ်ရွာစာရေးတွေက အဓိက ပါဝင် ပတ်သက်နေတယ်။
 လယ်/စီမှာ ဒီပုဂ္ဂိုလ် ၃ ဦး ပါနေသရွေ့ ဆုံးဖြတ်ချက်တွေက ဘယ်တော့မှ တရားမျှတမှာ မဟုတ်ဘူး...
"
ဦးဇော်ရမ်း
 
-

  -ငပုတောမြို့နယ်မှ လယ်သမားတဦး

 
-

အစည်းအဝေးမှာ ထုတ်ပြန်တဲ့ ကြေညာချက်ပါ   တောင်းဆိုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

-       ၁။ ရပ်/ကျေးလယ်/စီအဖွဲ့တွေမှာ လယ်သိမ်းထားသူတွေ ကိုယ်တိုင် (သို့) လယ်သိမ်းသူတွေနဲ့ ပတ်သက်သူတွေ ပါဝင်နေတဲ့အတွက် အဲဒီလူတွေကို လယ်/စီအဖွဲ့က ထုတ်ပယ်ပေးရန်၊
-       ၂။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအပိုင်ခွဲ (၆၃) ကိုအတိအကျ အကောင်အထည် ဖော်ပေးရန်၊
-       ၃။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို သွေဖီဆောင်ရွက်နေတဲ့ လယ်/စီအဖွဲ့အဆင့်ဆင့်ကို ဖော်ထုတ်အရေးယူပေးရန်၊
-       ၄။ လယ်ယာမြေကိစ္စရပ်များနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ရာမှာ လယ်သမားကြီးတွေရဲ့ နစ်နာဆုံးရှုံးမှုကို အလေးမထားဘဲ ဥပဒေမဲ့ ဆုံးဖြတ်ချက် ချနေမှုတွေကို ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းပြီးအကာအကွယ်ပေးရန်၊
-       ၅။ အစိုးရမှ ဖွဲ့စည်းပေးထားသော လယ်/စီအဖွဲ့အဆင့်ဆင့်တွင် လယ်သမားကိုယ်စားလှယ်များ အချိုးကျပါဝင်ခွင့်ပြုရန်၊
-       ၆။ ယခုနှစ် မိုးရာသီစိုက်ပျိုးချိန်အမီလယ်ယာမြေပြဿနာများအား ပြီးပြတ်အောင် ဆောင်ရွက်ပေးရန်


 -
ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ လယ်စီတွေရဲ့ ဘက်လိုက်မှုများကို  ဖော်ထုတ်အရေးယူပေးဖို့ ပုသိမ်၊ လပွတ္တာနဲ့ ဒေးဒရဲမြို့လယ်သမားတွေ  ပြီးခဲ့တဲ့လပိုင်းတွေက ဆန္ဒပြခဲ့ကြပါသေးတယ်။

ဆလိုင်းသန့်စင်



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved