မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ( MJA ) က မတ်လ ၂၂ ရက်နေ့စွဲနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် Dhaka Tribune အွန်လိုင်း သတင်း တပုဒ်မှာ ဆောင်းပါးရှင် Zeeshan Khan က A referendum in Rakhine state? ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး တပုဒ် ရေးသား ဖော်ပြထားတာကို ကန့်ကွက်တဲ့ ကြေညာ ချက် တစောင်ထုတ်ပြန်ပါတယ်။
အခုရေးသားတင်ပြခဲ့တဲ့ ဆောင်းပါးကတော့ ရုရှား နိုင်ငံက ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယားဒေသကို သူ့နိုင်ငံ နယ်နမိတ်ထဲ သွပ်သွင်းခွင့်ရသွား တာအပေါ် အားကျပြီး ရေးသားထားပုံရတယ်လို့ စာနယ်ဇင်း သမားတွေက သုံးသပ်ကြပါတယ်။
မကြာသေးခင်ကပဲ ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံက သူ့နိုင်ငံ နယ်နမိတ်ရဲ့ အစိပ်အပိုင်း အဖြစ် ကြေညာ လိုက် ပါတယ်။
ဒီကြေညာမှုဟာ ခရိုင်းမီးယားဒေသမှာ ရုရှားယိမ်းသူတွေနဲ့ ခရိုင်းမီးယား ဒေသခံ ရုရှား တိုင်းရင်းသားတွေ က ယူကရိန်းကနေ ခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းရေး အဆိုတွေကို ခရိုင်းမီးယား ပါလီမန်မှာ တင်သွင်း အနိုင်ယူကာ ခရိုင်းမီးယား ဒေသခံပြည်သူတွေရဲ့ လူထုဆန္ဒခံယူပွဲတွေနဲ့ ခွဲထွက်ရေး ကြိုးစားခဲ့ကြပါတယ်။
နိုင်ငံတကာက ဝိုင်းဝန်း ရှုတ်ချနေတဲ့ကြားက ရုရှားအနေနဲ့လည်း ခရိုင်းမီးယားကို ရုရှားရဲ့ နယ်နိမိတ်အဖြစ် သဘောတူ လက်မှတ် ထိုးခဲ့ပြီး နိုင်ငံတကာ ဥပဒေတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့တာပါ။
ဒါကြောင့် ရုရှား သမ္မတနဲ့ ခရိုင်းယားပြဿနာပါဝင်ပတ်သက်သူတွေကို အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။
ယူကရိန်းကနေခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းရေး လူ ထု ဆန္ဒခံယူပွဲလုပ်ကာ ခရိုင်းမီးယားကနေ ခွဲထွက်ရေး ဆုံးဖြတ်ခဲ့ကြမှု တွေလုပ်ခဲ့တဲ့အပေါ် အားကျတဲ့ သဘောထားနဲ့ Zeeshan Khan က A referendum in Rakhine state? ဆောင်းပါးကို ရေးသားထားပုံရတယ်လို့ သုံးသပ်သူတချို့က ရှုမြင်ကြပါတယ်။
ဒီ ဆောင်းပါးဟာ ရခိုင်ပြည်နယ်တွင်းက စစ်တွေ၊ မောင်းတော မြို့တွေကို ရခိုင်ပြည်နယ်က ခွဲထွက်ဖို့ လူထု ဆန္ဒခံယူပွဲ ကျင်းပမယ်ဆိုရင် ခရိုင်းမီးယားလို လုပ်နိုင်မယ့် နှပ်ကြောင်းပေး ရေးသားချက်
ဖြစ်လို့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ကို အကြီးအကျယ်ခြိမ်းခြောက်တဲ့ လက္ခဏာဖြစ်ပါတယ်။
မနှစ်ကတည်းက ရခိုင်ပြည်နယ်မှာ ဘာသာရေး၊ လူမျိုးရေး အခြေခံတဲ့ ပြဿနာတွေ ဆက်တိုက်ဖြစ် ပွားခဲ့ပြီး အဲဒီကနေ တခြားမြန်မာနိုင်ငံ အလယ်ပိုင်းအပါအဝင် နေရာအနှံ့ကို ပျံ့နှံသွားခဲ့ပြီး အဲဒီကိစ္စ ဟာ မြန်မာနိုင်ငံမှာ အတော်ပဲ အကဲဆတ် တဲ့ အခြေအနေမှာ ရှိနေခဲ့တာပါ။
အခုလို ဆောင်းပါးမှာ ရေးသားဖော်ပြချက်ဟာ အချက်အလက်မှားယွင်းမှုတွေ အများအပြား ပါဝင်နေ
ပြီး မြန်မာနိုင်ငံ အ တွင်း ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတမင် လှုံ့ဆော်မှုတွေ ပါဝင်နေသ လို
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ကာ အချုပ်အခြာ အာဏာကိုလည်း ထိပါးရာ
ရောက်ပြီး စာနယ်ဇင်း ကျင့်ဝတ်နဲ့ မညီညွတ်တဲ့အတွက် ဆောင်းပါးရှင် Zeeshan Khan အခုလို
မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း MJA က ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
လင်းသန့် ~

0 comments :
Post a Comment