မိုင်လေဆိုင်းရပ်စ် ဘာတွေမေ့နေသလဲ

Sunday, March 23, 2014

~



အမေရိကန်အဆိုတော် Miley Cyrus   သတင်းထဲ ပါလာပြန်ပါပြီ။


ဒီတခါတော့ ၀တ်လစ်စလစ်ယူနီဖောင်းနဲ့ မဟုတ်ပါဘူး။
  -

   -
သတင်းထဲ ပါနေရခြင်း အကြောင်းရင်းက စတိတ်ရှိုးတခုမှာ နားကြပ် တပ်ထားခြင်းကြောင့်ပါပဲ။
သူ သီချင်းဆိုနေတုန်း တယောက်ယောက်က လှမ်းပြီး သီချင်းစာသားတွေ ပြောပြတဲ့နည်းနဲ့ အကူအညီပေးနေပုံရတယ်ပေါ့လေ။
နောက်ကနေ သီချင်းစာသားတွေ ရွတ်ပြ ပြောပြတာကို  အဲဒီနားကြပ်ကနေ တဆင့် သူ ကြားရဟန်တူတယ် ဆိုပါစို့။

စတိတ်ရှိုးအစအဆုံး နားကြပ်တပ်ထားတာ သတိထားမိတယ်လို့ ပရိသတ်တယောက်က ဆိုပါတယ် တဲ့။
သူကိုယ်တိုင်ရေးတဲ့သီချင်းစာသားတွေကို သူကိုယ်တိုင် မေ့နေတတ်တဲ့သဘောဖြစ်နေတော့လည်း ပြောစရာ ရေးစရာတွေ ဖြစ်လာပါတယ်။

ဟိုတလောတုန်းကတော့ မိုင်လေဆိုင်းရပ်စ်က ဗလာချွတ်နဲ့ သီချင်းဆိုခဲ့ပါသေးတယ်။ အားပေးထောက်ခံသူ ရှိသလို ပြစ်တင်ရှုတ်ချသူလည်း ရှိပါတယ်။
အဲဒီ သီချင်းရုပ်သံ အင်တာနက်မှာတင်လိုက်တော့ လူကြည့်အများဆုံးစံချိန်တင်ခဲ့ပုံကို ဒီဘလော့ http://blog.irrawaddy.org မှာ ဖော်ပြခဲ့ပြီးပါပြီ။ အခု နားကြပ်အကူအညီယူထားတာက သီချင်းစာသား မေ့လို့ဖြစ်မယ်ဆိုတဲ့ သတင်း တက်လာတော့ ဒီသူငယ်မ ငယ်ငယ်ရွယ်ရွယ်နဲ့ မေ့တတ်ရန်ကော လို့ ဆိုရမလိုပါပဲ။

 သီချင်းစာသား မေ့တယ် ဆိုရင်လည်း ကခုန်ခြင်း နဲ့ ပါဖောမင့်န်ကို ဦးစားပေးနေရလို့များလား။
 
 မေ့တတ်တာက သူ့ပြဿနာပါ၊ ကိုယ့်ပြဿနာ မဟုတ်ပါဘူး။

အီလက်ထရွန်နစ်ပစ္စည်းတွေ မရှိရင်တော့ စာသားမေ့တဲ့အဆိုတော်တွေ စာရွက်ကိုင်ပြီး သီချင်းဆိုရမှာပဲလို့ တွေးမိပါတယ်။ 

စည်သူလင်း

  • ဆက်စပ်
 
မိုင်လေဆိုင်းရပ်စ် စင်ပေါ်မှာ ဖော်ပြပြန်ပြီ 

http://blog.irrawaddy.org/2014/03/blog-post_726.html



.

2 comments :

  1. Kyi said... :

    These well-known singers don't want to lose or upset their audience by singing lesser quality than the original hit. Therefore, they pre-record or simply play the song through the ear-plugs. They just have to sing along effortlessly and use the rest of the energy on performance. Their hardcore audience may not like lip-syncing if they find it out. Many famous singers that we know have done the same and still doing so but their performance makes it un-noticed.

  1. Anonymous said... :

    စတေ့ခ်ျသိပ်ကြီးလာရင်... အသံထုတ်တဲ့ချယ်နယ်တွေများလာရင်စင်ပေါ်ဆိုတဲ့လူက Delay တွေကြားကြားနေရတတ်၊ကိုယ်ဆိုတဲ့ အသံကိုယ်မကြားတော့တာတွေရှိတော့ Moniter တပ်ထားရတာပါဗျာ.. in-ear-monitor ပါ. (Credit- Ko Aung Kyaw San)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved