အရိပ်မြင် အကောင်ပြရမယ့် MH370 ပျောက်ဆုံးလေယာဉ်

Wednesday, March 26, 2014


မလေးရှားအစိုးရရဲ့ မကြာသေးမီက ထုတ်ပြန် လိုက်တဲ့ ပျောက်ဆုံးလေယာဉ် MH370 ဟာ အိန္ဒိယ သမုဒ္ဒရာထဲ ပျက်ကျသွားတယ် ဆိုတဲ့ အသံက လေယာဉ်ပေါ် လိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့ 
ဆွေမျိုးရောင်းရင်းတွေအတွက် လုံလောက်တဲ့ အဖြေတော့ မဟုတ်သေးဘူးလို့ သုံးသပ်နေသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ 



လေယာဉ်ပေါ် ပါသွားတဲ့ ၃ ပုံ ၂ ပုံရဲ့ သက်ဆိုင်ရာ ဆွေမျိုးတွေကတော့ ယူကြုံးမရ ဝမ်းနည်းပူဆွေးနေရ တာတွေကို အဆုံးသတ်ရတော့မယ်လို့ ရာနူန်းပြည့် ယူဆလိုက်ပါတယ်။ 

ကျန်တဲ့ ၁ ပုံကတော့ မလေးရှားအစိုးရရဲ့ ပြောဆိုချက်ပေါ် လက်တွေ့ကျကျ ပြနိုင်မှ တန်ပြန်သက်ရောက် မှုရှိမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ မခံမရပ်နိုင် ဖြစ်နေ ကြပါတယ်။ 

အဲဒီထဲမှာတော့ တရုတ်လူမျိုးတွေက ပိုပြီး လွန်ကဲတာပါ။ 

လေယာဉ်ပေါ်က ခရီးသည်တွေထဲမှာလည်း တရုတ်လူမျိုးတွေက အများဆုံးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ ပျောက်ဆုံး မလေးရှားလေယာဉ် MH370 ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ ပစ္စည်းတချို့ တွေ့ရှိခဲ့တာကြောင့် သြစတြေးလျှ နယူးဇီလန်၊ အမေရိကန်၊ နော်ဝေ နဲ့ တရုတ်​ တို့ရဲ့ ကမ်းခြေစောင့် လေယာဉ်တွေနဲ့ သဘောင်္ တွေဟာ လေယာဉ်ပျောက်နဲ့ ပတ်သက်တဲ့ ရှာဖွေမှုတွေကို တဆက်ထိုး လုပ်ဆောင်ခဲ့ ပါတယ်။ 

ဒါပေမယ့် သူတို့သွားမဲ့နေရာမှာ ရာသီဥတု ဆိုးရွားပြီး မိုးကြီးလေကြီးနေတာကြောင့် ရှာဖွေရေးခရီးစဉ်ကို ရုပ်သိမ်းလိုက်ပါတယ်။ 

ဒီအချိန်မှာဘဲ မလေးရှားအစိုးရက MH370 ဟာ အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျသွားတယ်လို့ ကြေညာလိုက် တာပါ။ 

တကယ်ဘဲ အိန္ဒိယသမုဒ္ဒရာ ထဲမှာ လေယာဉ်ပျက်ကျ သလား ဆိုတာကတော့ အဲဒီသမုဒ္ဒရာထဲက အပိုင်းအစတွေကို ကုန်းပေါ်သယ်ဆောင်လာ နိုင်မယ့် တနေ့ကျမှ တမ္ဘာလုံးက လက်ခံနိုင်တဲ့ အနေအထား လို ဖြစ်နေပါတယ်။ 

လက်ရှိအချိန်မှာ မလေးရှားအစိုးရအတွက်တော့ အရိပ်မြင် အကောင်ပြရမယ့် အနေအထား ဖြစ်နေပါပြီ။ 



ငြိမ်းဇော် ~ 


.





 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved