Miss Globe Myanmar 2014 သရဖူ ဆုရှင်နဲ့ အလှမယ်လေးများ

Wednesday, March 5, 2014

Miss Globe International ပွဲကို လာမယ့် ဧပြီလမှာ တူရကီနိုင်ငံမှာ ကျင်းပမှာမို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မယ့် Miss Globe Myanmar ၂ဝ၁၄ အလှမယ် နောက်ဆုံး အဆင့် ရွေးချယ်ပွဲကို ရန်ကုန်မြို့၊ ကရဝိတ် နန်းတော်မှာ မတ်လ ၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။


Miss Globe Myanmar 2014 ကိုရန်ကုန်မြို့ ကရ၀ိတ်နန်းတော်တွင် မတ်၎ရက်နေ့ကတွေ့ရစဉ် 
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ 
 
Miss Globe Myanmar သရဖူဆုကိုတော့ ဂျူးစံသာက ရရှိပြီး 1st Runner Up ကို အိမွန်ခိုင်၊ 2nd Runner Up ကို မေဇင်မာတို့က အသီးသီး ရသွားခဲ့ကြပါတယ်။

အဲဒီ Miss Globe Internationl ပြိုင်ပွဲအတွက် Miss Globe Myanmar သရဖူဆုကိုတော့ ဂျူးစံသာက တူရကီနိုင်ငံကို သွားရောက် ယှဉ်ပြိုင်ခွင့်ရသွားတာဖြစ်ပါတယ်။

အခု Miss Globe Myanmar အလှမယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အလှမယ်လေးတွေရဲ့ ပြိုင်ပွဲ ဝင်ဟန်တွေကို ဧရာဝတီ ဓာတ်ပုံသတင်းထောက် ဂျေပိုင်က အခုလို မှတ်တမ်း တင်ထားပါတယ်။















1 comments :

  1. MinLaKha said... :

    နှိင်ငံကြတော့ငတ်ပြတ်ပြီးတော့စုတ်ပြတ်သတ်နေတာတောင်ပြိုင်လိုက်ကြတဲ့မယ်တွေ။ရုပ်တွေ
    ကြည့်တောရူနာရိုက်ကုံးရုပ်တွေနဲ့ ၊လေပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved