ပြီးခဲ့တဲ့တပတ်အတွင်း ဒီဘလော့မှာ အဖတ်အများဆုံး

Saturday, April 12, 2014


~




 .
ပြီးခဲ့တဲ့တပတ်အတွင်း ဒီဘလော့မှာ အဖတ်အများဆုံးပို့စ်တွေထဲက ငါးပုဒ် ခေါင်းစဉ်နဲ့လင့်တွေကတော့ ဒီလိုပါ။

  • ပုရိသတို့ အသည်းစွဲ ဗီယက်နမ်ကော်ဖီဆိုင်  
http://blog.irrawaddy.org/2014/03/blog-post_9634.html

  • ညီမလေး သဘောပေါက်နိုင်မှာပါ..
http://blog.irrawaddy.org/2014/03/blog-post_8751.html

  •  ၈၈ မျိုးဆက်ခေါင်းဆောင်တချို့ ခေတ္တ ထိန်းသိမ်းခံလိုက်ရ
http://blog.irrawaddy.org/2014/03/blog-post_9849.html

  • အနာဂတ်မှာ ခေတ်စားလာမယ့် လေယာဉ်  
http://blog.irrawaddy.org/2014/03/blog-post_931.html

  • သန်းခေါင်စာရင်းမှာ ဂေါ်ရခါးဟာ ဂေါ်ရခါးပဲ ဖြစ်ချင်တယ်
  http://blog.irrawaddy.org/2014/03/blog-post_274.html

ပုရိသတို့ အသည်းစွဲ ဗီယက်နမ်ကော်ဖီဆိုင်တွေကိုတော့ အမေရိကန်ပြည်ထောင်စုမှာ တွေ့ရတတ်ပါလိမ့်မယ်။
အပေါ်ဆုံးကပုံက အဲဒီထဲက ဆိုင်များထဲက တခုပါပဲ။   အဲဒီဆိုင် မရှိတော့ပေမယ့် သူတို့ရဲ့ ဖေ့ဘုတ်စာမျက်နှာက ဖွင့်ထားသေးတာကြောင့် တပုံ ကူးယူပြီး ဒီမှာ ထည့်လိုက်ပါပြီ။ အဲဒီဆိုင် ပိတ်သွားပေမယ့်  တခြားသောဆိုင်များ ရှိပါသေးတယ်။
ဆိုင် အရောင်းထိုင်းရင် ဒေဝါလီခံရမယ့်အခြေအနေ ရှိတာကြောင့် လူဝင်များအောင် သူ့နည်းသူ့ဟန်နဲ့ စည်းရုံးကြရာမှာ ဝတ်လစ်စလစ် (သို့မဟုတ် ဝတ်လစ်စလစ်နီးပါး) နည်းနာကိုလည်း သုံးလေ့ ရှိပါတယ်။

ညီမလေး သဘောပေါက်နိုင်မှာပါ..ဆိုတဲ့ ပို့စ်ကတော့ လွတ်လပ်စွာ ကူးယူ မျှဝေနိုင်ပါသည် လို့ ဆိုထားတဲ့ နိုင်ငံရေးသုံးသပ်ချက်ဆိုင်ရာ ရေးသားချက်တွေပါ။

http://blog.irrawaddy.org/2014/03/blog-post_8751.html မှာ ကြည့်လိုက်ရင် အဲဒီစာမျက်နှာကနေပဲ တထောင်ကျော် ရှယ်သွားကြတာ တွေ့ရပါမယ်။

 ၈၈ မျိုးဆက်ခေါင်းဆောင်တချို့ ခေတ္တ ထိန်းသိမ်းခံလိုက်ရတဲ့ သတင်းကလည်း အဲဒီနေ့ဝန်းကျင်မှာတော့ လူပြောများတဲ့သတင်းပါပဲ။

အနာဂတ်မှာ ခေတ်စားလာမယ့် လေယာဉ်ဆိုတာက ပင်လယ်ထဲ ဆင်းသက်နိုင်တဲ့ဟာကို ပြောတာပါ။
ဒီလိုယာဉ်တွေအတွက်တော့ လေယာဉ်ကွင်း မလိုပါဘူး၊ ရေပြင်ကျယ်ကျယ်ပဲ လိုပါလိမ့်မယ်။

သန်းခေါင်စာရင်းမှာ ဂေါ်ရခါးဟာ ဂေါ်ရခါးပဲ ဖြစ်ချင်သူတွေအကြောင်းလည်း လူအများအပြား စိတ်ဝင်စားကြပါတယ်။ သန်းခေါင်စာရင်းကောက်ရင် မြန်မာပြည်က ဂေါ်ရခါးတွေက လူမျိုးအမည်ကို နီပေါလို့ မဖြည့်ချင်ကြတဲ့အကြောင်းပါ။ ပြီးခဲ့တဲ့ ဆယ်ရက် သန်းခေါင်းစာရင်း ကောက်တဲ့
ကာလမှာတော့ နီပေါ လို့ပဲ ဖြည့်လိုက်ရမယ်လို့ ထင်ပါတယ်။

ဒါကတော့
ပြီးခဲ့တဲ့တပတ်အတွင်း ဒီဘလော့မှာ အဖတ်အများဆုံးပို့စ်တွေထဲက ငါးပုဒ်အကြောင်း ပြန်လည် ပြောပြတာ ဖြစ်ပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved