ပွဲပျော် လူမျိုးတို့ရဲ့ အကြီးကျယ်ဆုံးပွဲတော်ကြီးတော့ နီးကပ်လာချေပေါ့။ နိုင်ငံတဝန်းမှာ ဒီမိုကရေစီထက် ပိုပြီးမျှော်လင့်နေကြတာ သင်္ကြန်ပွဲတော်များ ဖြစ်လေမလားပဲ။
.
.
တနှစ်တာ သင်္ကြန်ပြီးဆုံးကတည်းက နောက်နှစ် ဘာလုပ်မယ် ဆိုကြတော့တာပဲကိုး။ သန်ရာသန်ရာ အကုသိုလ်၊ ကုသိုလ် လိုင်းပေါင်းစုံက မျှော်ကြတဲ့ သမယပေပေါ့။
ရဟန်းခံမယ့်သူ၊ တရားစခန်းဝင်မယ့်သူ၊ အေးအေးဆေးဆေး တနေရာမှာ အနားသွား ယူပြီး စာရေးမယ်ဆိုသူတွေအတွက်တော့ ပြဿနာ မရှိပေမယ့် ရေပက်မယ်၊ လည်မယ်၊ ပျော်မယ် ဆိုသူတွေအတွက်တော့ စိတ်ပူမိပါတယ်။ ကိုယ့်ဘာသာကိုယ်လည်း စိတ်ပူမိပါတယ်။ အဲဒီရက်ဆို လုပ်ငန်းခွင်ပြန်ပြီး ဆေးကုရမယ့်အချိန်ဆိုတော့ အတွေ့အကြုံအရ သင်္ကြန်ရောဂါတွေ မနားတမ်း ကုရတော့မှာမို့ပါ။ အားလုံးက အရေးပေါ်အဖြစ်နဲ့ ဆေးရုံ ဆေးခန်းတွေကို ရောက်လာကြမယ့်ဝေဒနာတွေ ဖြစ်နေတာကိုး။
သင်္ကြန်ရဲ့ အန္တရာယ်တွေက အမည်စုံပေရဲ့။ အပျော်လွန် ရမ်းကားမှုတွေကြောင့်ဖြစ်တဲ့ ထိခိုက် ဒဏ်ရာရမှုတွေ၊ အသက်ဆုံးပါးမှုတွေက ရာခိုင်နှုန်း များတာကိုလည်း မသိကြတာ မဟုတ်ပေမယ့် စိတ် လွတ်ကိုယ်လွတ် လွတ်ပျော်ကြတဲ့ အစဉ်အလာနဲ့ပဲ အသက်တွေလည်း ပေးဆပ်ရ၊ ဒုက္ခိတတွေဖြစ်ကြ။ ဒါပေမယ့် အမှတ်လည်းမရှိကြပါဘူး။ အနာပျောက် တခေါက် ဆိုသလို ပြန်ပြီး မိုက်မဲကြတာကလား။ ဒီတော့လည်း သိသင့်တာ၊ ဆင်ခြင်သင့်တာလေးတွေ တော့ မပြောမဖြစ် ပြောရပါဦးမယ်။ လိုက်နာတာ မလိုက်နာတာကတော့ အာဏာရှင်ခေတ် လေသံနဲ့ ပြောရရင် “မိမိတာဝန်သာဖြစ်ပါကြောင်း” ပေါ့။
- ရေလောင်းရေပက် အန္တရာယ်
- မူးယစ်ခြင်း အန္တရာယ်
အဲဒီမှာ အရက်ပမာဏ လွန်ကဲ တာက အသက်အန္တရာယ်အထိ ဖြစ်သွား နိုင်ပါတယ်။ သာမန်လူတွေမှာတောင် သေစေအောင် နှလုံးထိခိုက်စေတာမျိုး ဆိုတော့ နာတာရှည်ရောဂါ တခုခု ဖြစ် နေသူတွေမှာ အရက်ကို မတန်တဆ သောက်မိကြရင်တော့ အဆိပ်ရည် ဖြစ် တော့တာပါပဲ။ နောက်ထပ် ဆိုးကျိုးကတော့ ဆင်ခြင်တုံတရား ပျောက်ရှတာ၊ အားနည်းတာတွေ ကနေ မူးပြီးယာဉ်မောင်းလို့ ဖြစ်မယ့် ထိခိုက်မှုတွေ၊ ခိုက်ရန်ဖြစ်ပွားလို့ ရမယ့် ထိခိုက်မှုတွေက နောက် ဆက်တွဲ လိုက်ပါလာတတ်တာကလည်း မြေကြီး လက်ခတ်မလွဲပေါ့။ ခုခေတ်အခါမှာက မိန်းကလေး အသောက်သမားတွေလည်းတိုးပွားလာသလို အဝတ် အစားတွေကလည်း မြှူဆွယ်တဲ့ အနေအထားမျိုး ဖြစ်လာနေကြတော့ မူးလို့ မှားယွင်းကြမယ့်အထဲမှာ လိင်မှုကိစ္စတွေကလည်း ကျွဲကူးရေပါ ဖြစ်လာနိုင် သေးရဲ့။ ချစ်သူများနေ့တုန်းကလိုပဲ သင်္ကြန်အတွက် တည်းခိုခန်း၊ ဟိုတယ်တွေမှာ အခန်းတွေက ကြိုတင် ဘွတ်ကင်နဲ့ ပြည့်နေကြပြီလို့ မိတ်ဆွေ ခရီးသွား လုပ်ငန်းရှင် တယောက်က ညည်းတွားတာ ကြားခဲ့ရလို့ပါ။
(ဧပြီလ ၁၃ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်)
- မတော်တဆ ထိခိုက်မှု အန္တရာယ်
မတော်တဆမှုတွေ ကြည့်လိုက်ရင်လည်း ဆင်ခြင်မဲ့ အပျော်လွန်တာက အဓိကဆိုတာ တွေ့ရတာပါပဲ။ ရေလောင်းရေပက် မဏ္ဍပ်တွေ ခိုင်ခံ့မှုမရှိလို့ ဖြစ်ရတဲ့ အပြိုအပျက် ကြောင့် ထိခိုက်ဒဏ်ရာရတာမျိုး လေးတွေကအစ ယာဉ်မတော်တဆမှုကြောင့် အစုအပြုံလိုက် ထိခိုက် ဒဏ်ရာရတာတွေလည်း ဖြစ်ကြရတာပါပဲ။ ရေပက် ကြမ်းလို့၊ ကျီစားသန်လို့၊ မူးပြီးရမ်းကား ရန်ဖြစ်လို့၊ လောင်းသူပက်သူ ပဋိပက္ခကြောင့် ရန်ဖြစ်လို့၊ မူးယစ်ပြီး ယာဉ်မောင်းလို့ စသဖြင့် ပေါင်းများစွာက သင်္ကြန်ရဲ့သင်္ကေတတွေ ဖြစ်နေခဲ့တာပါပဲ။ သာမန် ကွဲရှ၊ ကျိုးပဲ့ကနေ အသက်သေတဲ့အထိ ဖြစ်ကြရတာ ပါ။ ကိုယ်တွေဆီမှ မဟုတ်ပါဘူး၊ ထိုင်းမှာလည်း သင်္ကြန်သေနှုန်းက များလှပါတယ်။ အခန့်မသင့်ရင် တော့ ကိုယ်လက်အင်္ဂါတွေ ချို့ယွင်းပြီး ဖြစ်စေ၊ ဦးနှောက် အာရုံကြောထိခိုက်မိတဲ့ မတော်တဆမှု တွေကဖြစ်စေ တသက်တာ ဒုက္ခိတ ဖြစ်စေတော့တာ ပါပဲ။
- အပူရှပ်ခြင်း အန္တရာယ်
- အခြားအန္တရာယ် အသွယ်သွယ်
နေပူ လိုက်၊ ရေစိုလိုက် တနေ့လုံးနေရာက ဖျားနာတတ် သလို စတုဒိသာ မဏ္ဍပ်တွေမှာ အစားအသောက် မသန့်ရှင်းလို့ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်နိုင် ခြေလည်း ရှိတာပါပဲ။ အရက်နဲ့တကွသော အစား အသောက်တွေ ပေါင်းစုံအောင် လွေးရင်း အစာ အဆိပ်သင့်တာမျိုးကလည်း ဖြစ်နိုင်သေးတာပါပဲ။ လမ်းပိတ်ဆို့မှုတွေကနေလည်း မတော်တဆမှုတွေ ဖြစ်နိုင်ပြန်ပါတယ်။ အဆိုးမြင်လို့ ပြောနေတာတွေ မဟုတ်ပါဘူး။ တတ်နိုင်သမျှ အန္တရာယ်ကင်းကြစေ ချင်တာပါ။ ပြောရမယ်ဆို မလုံမလဲဝတ်မိတဲ့ မိန်း ကလေးတွေအတွက် မပေါ်တပေါ်ပုံတွေ အွန်လိုင်း တက်လာ၊ အခွေထုတ်ပြီး စီးပွားရေးလုပ်စားခံနိုင် ရတဲ့ အန္တရာယ်ကလည်း ခေတ်ပေါ်အန္တရာယ်တခု မဟုတ်ဘူးလား။ (အဲလို ဖြစ်ချင်လို့ လုပ်တာဆိုရင် တော့လည်း မပြောတတ်ဘူးပေါ့)။
(ဧပြီလ ၁၃ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်)
- အန္တရာယ်လျော့ နည်းရေး
.
မူးယစ်သောက်စားတာလျှော့၊ ယာဉ်ကို အဆင် အခြင်နဲ့ မောင်း၊ သည်းခံစိတ်ကလေးမွေး၊ နေပူကြီး ထဲ အပျော်ကြူးချိန်ကို တတ်နိုင်သမျှလျှော့၊ ဒါဟာ ယဉ်ကျေးမှု အမွေအနှစ်တခုဆိုတဲ့ အသိလေးထားပြီး ထိန်းထိန်းသိမ်းသိမ်းလေး နေနိုင်ရင်တော့ “ပျော်ပါစေ” ဆိုတဲ့ သင်္ကြန်သီချင်းတပုဒ်ထဲကလို “သင်္ကြန် ရေဆိုတာ အန္တရာယ်ကင်းတယ် ပက်စမ်းခင်ရယ်”လို့ တေးချိုချို သီဆိုလန်းဆန်းနိုင်ပါလိမ့်မယ်။
ဒေါက်တာသက်ဦး
(ဧပြီလ ၁၃ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်)
.
0 comments :
Post a Comment