သင်္ကြန်မှာ တရားစခန်းဝင်သူနဲ့ ကိုးတန်းတက်ဖို့ ပြင်ဆင်နေသူ

Wednesday, April 23, 2014


~



“ပီတိဖြစ်တဲ့ ခံစားမှုကို ရပါတယ်”

 .
ဆက်နိုင်၊ ၁၈ နှစ်၊
အဝေးသင်တက္ကသိုလ်၊ ပထမနှစ် ပထဝီဘာသာရပ်
 
.

 


ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ

ကျနော်က သရုပ်ဆောင်အလုပ်ကို ဝါသနာပါတယ်။ ဒါကြောင့် သရုပ်ဆောင်ဘက်ကို လုပ်ဖို့ရှိတယ်။ မော်ဒယ်လ်အလုပ်ကို ဝါသနာပါလို့ စလုပ်ခဲ့တာပါ၊ ကျနော်က ဖက်ရှင်နဲ့ပတ်သက်ပြီး ဝါသနာ ပါပေမယ့် ဒီဇိုင်နာနဲ့တိုင်ပင်ပြီး ဝတ်ဖြစ်တာ များပါတယ်။

အခုလို နှစ်ဆန်းတရက်နေ့ ဘုရားသွား ကျောင်းတက် မြန်မာဝတ်စုံပုံစံမျိုး ရိုက်ရတာ စိတ်ထဲမှာ ကျနော် ကျေနပ်မိတယ်။ ဂုဏ်ယူတဲ့ စိတ်လည်း ဖြစ်မိပါတယ်။ ကျနော် အခုလိုမျိုး ဘုရားမှာ တခါမှ မရိုက်ဖူးပါဘူး။ သူငယ်ချင်းတွေနဲ့တော့ ဘုရားကို ရောက်ဖူးပါတယ်။
အခုလိုမျိုး ဓာတ်ပုံရိုက်ကူးရတဲ့အတွက်လည်း ခံစားမှု တမျိုးတော့ ခံစားရပါတယ်။

ကျနော်က ခရစ်ယာန်ဘာသာဝင် တယောက်ဆိုတော့ သင်္ကြန်မှာ Camp ပဲ ဝင်ရတာပေါ့။
ငယ်ငယ်တုန်းကတော့ နှစ်ဆန်းတရက်နေ့ဆိုတာကို သေချာ နားမလည်ခဲ့ပါဘူး။ နှစ်ဆန်းတရက်နေ့ဆိုတာ မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဝင်တွေကတော့ ဘုရားတက်ကြတယ်၊ ကုသိုလ်ကောင်းမှု လုပ်ကြတယ်ဆိုတာ ကျနော် အရွယ်ရောက်တော့ သိလာရပါတယ်။ ငါးလွှတ်တယ်ဆိုတာကလည်း ကုသိုလ်ယူနည်းတမျိုးပါပဲ။ ချုပ်နှောင်ထားတဲ့ ဘဝလေးကနေ လွတ်မြောက်ခွင့်ပေးလိုက်တဲ့အတွက် ပီတိဖြစ်တဲ့ခံစားမှုကို ခံစားရပါတယ်။

ကျနော့် စိတ်ကူးအိပ်မက်ဆိုရင် ကျနော်က အောင်မြင်တဲ့သူတယောက် ဖြစ်ချင်ပါတယ်။ နောက်ပြီး မိသားစုတွေ အားလုံး ပျော်ပျော်ရွှင်ရွှင်နေချင်တယ်။  ကိုယ်လုပ်သမျှ  အလုပ်တွေကိုလည်း အောင်မြင်စေချင်တာပေါ့။

ဒီလိုအချိန်မှာ လူငယ်တယောက်အနေနဲ့ စိတ်ကျေနပ်မှု  ရှိပါတယ်။  ကျနော့်ဘဝမှာ မိဘတွေက ကျနော့်ကို ကိုယ်နေချင်တဲ့ ပုံစံအတိုင်း လွတ်လွတ်လပ်လပ် နေခွင့်ပေးတဲ့ အတွက် ကျနော်လုပ်ချင်တာကို အားပေးတဲ့အတွက်လည်း ကျနော် ကျေနပ်ပါတယ်။ ကျနော်ကလည်း ကိုယ်ကြိုးစားနိုင်သလောက် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ ဇွဲမလျှော့ဘဲ အကောင်းဆုံး ကြိုးစားကြပါ၊ ကိုယ်ကြိုးစားတဲ့ အရာတွေက တနေ့တော့ အရာထင်ပြီး အောင်မြင်မှုကို ရမှာပါလို့ ကျနော် ယုံကြည်ပါတယ်။


အောင်မြင်မှုနဲ့ နေရာတခုက အမြဲရှိတယ်

ဖြူဖြူဝင်းခိုင်၊ ၁၃ နှစ်
အ.လ.က (၃) ဗိုလ်တထောင်၊ အဋ္ဌမတန်းဖြေပြီး။


ညီမကတော့ အနုပညာအလုပ်ဆိုရင် အဆိုတော်ဖြစ်ချင်တယ်။ သီချင်းတွေ နားထောင်ရတာလည်း ကြိုက်တယ်။ အသက် မွေးဝမ်းကျောင်းအလုပ် ဆိုရင်တော့ ဆရာဝန် ဖြစ်ချင်တယ်။ ဆရာမ ဖြစ်ချင်တယ်။

အခုချိန်မှာတော့ ညီမက ရှစ်တန်းဖြေထားတယ်။ ကိုးတန်းတက်ဖို့ ပြင်ဆင်နေပါတယ်။
ဆယ်တန်း အောင်ပြီးရင်တော့ အနုပညာ အလုပ် လုပ်ချင်တဲ့ စိတ်ပေါ်ရင်တော့ လုပ်မယ်။

အခုချိန်မှာတော့ ညီမက ကျောင်းသူတယောက်ဆိုတော့ ကျောင်းစာတွေနဲ့ပဲ အချိန်ကုန်တာ များပါတယ်။ ကျောင်းသူ တယောက်ဆိုတော့ သူများတကာတွေလိုတော့ လွတ်လပ်မှု မရှိသေးပါဘူး။ ညီမ မိဘတွေ အုပ်ထိန်းမှု အောက်မှာပဲ နေပါတယ်။ လူငယ်တယောက် အနေနဲ့တော့ ညီမရဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းပါတယ်။ စာကျက်ချိန် စာကျက်သလို တီဗီကြည့်ချိန်လည်း ကြည့်ပါတယ်။

ညီမ အသက်က ၁၃ နှစ်ပဲ ရှိပါသေးတယ်။ အမေက ဟြေတာတော့ လူ့လောကမှာ တွေ့ကြုံရမှာတွေက အများကြီးပဲလို့ ဟြေပါတယ်။ ညီမက ဖက်ရှင်နဲ့ပတ်သက်ရင် ဂျင်းဘောင်းဘီဝတ်ပြီး တီရှပ်တွေ ဝတ်ရတာ ကြိုက်သလို မြန်မာဆန်ဆန် အခုလိုမျိုး ဝတ်ရတာလည်း ကြိုက်ပါတယ်။ အခုလို Aroma ကနေ ဖန်တီးပေးတဲ့ မြန်မာဆန်ဆန်လှတဲ့ ဝတ်စုံလေးကို ဝတ်ပြီး နှစ်ဆန်း တရက်  နှစ်သစ်ကူး  ဘုရားတက်၊  ကုသိုလ်ကောင်းမှု ပြုလုပ်တဲ့ပုံစံမျိုး ဓာတ်ပုံရိုက်ရတာ အရမ်းပျော်ရွှင်မိပါတယ်။ ညီမဘဝမှာလည်း အမှတ်တရတခု ဖြစ်သွားလို့ ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။

ညီမကတော့ လူငယ်တယောက် အနေနဲ့ အမြဲ ကိုယ်တတ်နိုင်၊ လုပ်နိုင်သလောက် ကြိုးစားသွားမှာပါ။ လူငယ်တွေဆိုတာ ကိုယ်ဖြစ်ချင်တဲ့အရာ မှန်သမျှကို ကြိုးစားနိုင်တဲ့ အရည်အချင်းတွေ ရှိသလို အခွင့်အရေးတွေလည်း ရှိတဲ့အတွက် ကြိုးစားမှုရှိရင် အောင်မြင်မှုကို ရရှိမှာလို့ ညီမယုံကြည်ပါတယ်။ ဒီခေတ်မှာ လူတိုင်းကြိုးစားမှသာ အောင်မြင်မှုကို ရရှိမှာပါ။ ညီမရဲ့ ဦးလေးနဲ့ အမေကလည်း ညီမကို အမြဲဆုံးမ ပြောပြပါတယ်။ လူဆိုတာ စိတ်ထားကောင်းကောင်းထား၊ ဘ၀အတွက် ကိုယ့်အလုပ်ကို ကြိုးစားအားထုတ်ပြီး စိတ်စေတနာနဲ့လုပ်ရင် အဲဒီလို လူမျိုးအတွက် အောင်မြင်မှုနဲ့ နေရာတခုက အမြဲရှိတယ်လို့ ညီမကို အမြဲဆုံးမပြောပြပါတယ်။ ဒါကြောင့် ညီမက အမြဲတမ်း ကြိုးစားပြီး ညီမဘ၀အတွက် အောင်မြင်မှုကို ရအောင်လုပ်မှာပါ။

  • လူငယ်နဲ့ခေတ်ရေစီး

ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ြွက မှုတွေနဲ့ နောင်တချိန်မှာ လူကြီးဖြစ်ဖို့ အားယူနေကြတဲ့သူတွေချည်းပါ။

လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီးအပြောင်းအလဲ အတက်အကျတွေ တပါတည်း ပါလာတတ်စမြဲ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်းပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကို လေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy ဂျာနယ်မှာ  အပတ်စဉ် ဖော်ပြသွားမှာပါ။

ဒီတပတ်မှာတော့ မြန်မာနှစ်သစ်ကူးကိုကြိုဆိုတဲ့အနေနဲ့ မြန်မာဆန်ဆန်ဝတ်ဆင်ထားတဲ့ လူငယ်နှစ်ဦးရဲ့ဓာတ်ပုံတွေနဲ့ သူတို့အသံတွေကို ဖော်ပြလိုက်ပါတယ်။

မြတ်သူအောင်

မူရင်း -  The Irrawaddy ဂျာနယ်၊ ဧပြီ ၂ဝ၊ ၂ဝ၁၄









.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved