ဇနီးသည် ကတ်ကြေးနဲ့ထိုးလို့ လူမှုရေးဖောက်ပြန်တယ်ဆိုတဲ့ခင်ပွန်း သေဆုံး

Wednesday, April 23, 2014

ခင်ပွန်းဖြစ်သူ လူမှုရေးဖောက်ပြန်နေသည်ကိုတွေ့ရှိခဲ့သည့် ဇနီးက ကတ်ကြေးဖြင့်ထိုးခဲ့သဖြင့် ခင်ပွန်းသေဆုံး ဆိုတဲ့ သတင်းတပုဒ်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။ 


ဖြစ်စဉ်ကတော့ ဧပြီလ ၂၂ ရက်နေ့က ဒဂုံမြောက်ပိုင်း ၄၈ ရပ်ကွက်နေ အသက် ၂၀ နှစ်ရှိတဲ့ ခင်ပွန်းဖြစ် သူဟာ အသက် ၂၆ နှစ်ရှိတဲ့ အခြား အမျိုးသမီးတဦးနဲ့ ရပ်ကွက်နားက ဝါးရုံတောတခုမှာ အတူအိပ်နေကို ဇနီးက သည်က တွေ့တဲ့ အတွက် ကတ်ကြေးနဲ့ ရင်ဘတ်ကို ကတ်ကြေးနဲ့ ထိုးလိုက်တာပါ တဲ့။ 

ဒဏ်ရာရသွားတဲ့ ခင်ပွန်းဖြစ်သူကို မြောက်ဥက္ကလာပ ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးရုံတင်ထားပြီး တက် ရောက် ကုသခဲ့ပေမယ် နောက်ဆုံး သေဆုံး သွားလို့ သူ့မိခင်က ချွေးမကို တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ 

ဒီသတင်းကြောင့် အမျိုးသားများ အိမ်က ဇနီးသည် မသိအောင် လူမှုရေး ဖောက်ပြန်ရင် အခုလို အသက်ဆုံး တဲ့ အထိ အဖြစ်ဆိုးနဲ့ ရင်ဆိုင်ရမှာဖြစ်သလို ဇနီးသည်ကလည်း ကိုယ်ထိလက်ရောက် လွန်စွာ ဖြစ်တဲ့ ဒေါသ ကြောင့် ထောင်နန်းစံရမှာဖြစ်ကြောင်း သင်ခန်းစာယူစရာပါပဲ။

အိမ်ထောင်သည်မှန်သမျှ ဇနီး၊ ခင်ပွန်သည်တို့ ၂ ဦးစလုံး အိမ်ထောင်ရေး မဖောက်ပြားပဲ တဦးနဲ့ တဦးချစ်ချစ် ခင်ခင် နေထိုင်သွားကြမယ်ဆိုရင် အလားတူ အဖြစ်ဆိုးမျိုး ရင်ဆိုင်ကြရမှာ မဟုတ်ပါ။ 

အိမ့်သံစဉ် ~















 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved