ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်

Monday, April 21, 2014

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဒီမနက်  ၆နာရီ ခွဲခန့်က ရန်ကုန်
ပြည်သူ့ ဆေးရုံကြီးမှာ  ကွယ်လွန်သွားပါတယ်။



 ဧရာဝတီ သတင်းဌာန ရန်ကုန်ရုံးသို့ ယမန်နှစ် ဒီဇင်ဘာလက လာရောက်လည်ပတ်စဉ် 
(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)


ဦးဝင်တင်ရဲ့ ကြွင်းကျန်သည့် ရုပ်ကလာပ်ကိုအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ယူ သဂြိုလ်မှာ
ဖြစ်ကြောင်း ဦးဝင်းတင်ကိုအနီးကပ် ပြုစုပေးခဲ့သူတဦးဖြစ်တဲ့ ဦးမောင်မောင်နိုင်က ဧရာဝတီကို ပြောပါတယ်။

“ဘဘကြီး သဘောထားကတော့ တန်းပြီး သဂြိုလ်စေချင်တယ်၊ ဒါပေမယ့် သုံးရက်တော့ ထားမယ်”  

ဤအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း အင်တာနက်စာမျက်နှာတွင် ဧရာဝတီ အကြီးတန်း သတင်းထောက် ရန်ပိုင် ရေးသားတင်ပြထားတဲ့ သတင်းစာဆရာကြီး ဟံသဝတီ ဦးဝင်းတင် ကွယ်လွန်ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။ 

သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတဲ့အတွက် အင်တာနက်အွန်လိုင်းပေါ်တွင်လည်း ဝမ်းနည်း ကြောင်းနဲ့ ဆရာကြီး ဦးဝင်းတင်ရဲ့ ကျေးဇူးကို ဂုဏ်ပြုပြောဆိုနေကြပါတယ်။ 














0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved