~
မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ ဦးဝင်းတင် တနင်္လာနေ့နံနက် ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။
ကွယ်လွန်ချိန်မှာ ၈၅ နှစ် ရှိပါပြီ။
.
.
အာဏာပိုင်တို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကို အင်းစိန်အကျဉ်းထောင်မှာ နှစ်ပေါင်း ၂ဝ ခန့် ထိန်းသိမ်းခဲ့တာပါ။
နာမည်ကျော်အင်းစိန်ထောင်မှာ ရှိနေတုန်း ဦးဝင်းတင်ဟာ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီးတွေက သူ့ကို အပြင် ပြန်မလွှတ်ချင်၊ ထောင်အခြေအနေကလည်း အဲဒီကာလာ အင်မတန် ဆိုးရွားလွန်းတဲ့အတွက်
ဦးဝင်းတင် အသက်ရှင်လျက်နဲ့ အပြင်ပြန်ထွက်လာပါ့မလားလို့ တချို့က သံသယ ရှိခဲ့ကြပါတယ်။
၂၀၀၈ မှာတော့ အင်းစိန်ကနေ ပြန်လွတ်လာပါတယ်။
အဲဒီနောက်ပိုင်းနှစ်တွေကတော့ ဦးဝင်းတင်ကို မြန်မာ့ဒီမိုကရေစီအရေးမှာ တက်တက်ကြွကြွ ဦးဆောင်တဲ့နေရာမှာ တွေ့ရတဲ့ကာလပါပဲ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ နာယကတဦးအဖြစ် တာဝန်ယူနေတုန်း အခြေခံဥပဒေမပြင်သမျှ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေးကို လုံးဝ ဆန့်ကျင်ခြင်း ဆိုတာလို အယူအဆမျိုးကြောင့် နိုင်ငံရေးသဘောထား တင်းမာသူတဦးအဖြစ် သတ်မှတ်ခံရသူပါ။
ဒီမိုကရေစီလှုပ်ရှားမှုမတိုင်ခင်က စာနယ်ဇင်းဆရာဖြစ်ခဲ့သော ဦးဝင်းတင်ဟာ အထိန်းသိမ်းခံဘ၀က လွတ်မြောက်ပြီးနောက်ပိုင်း NLD ဒီလှိုင်းဂျာနယ်မှာ အဆက်မပြတ် ရေးသားခဲ့ပါတယ်။
ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားအများအပြားကလည်း မြန်မာ့နိုင်ငံရေး၊ စာနယ်ဇင်းအကြောင်းအရာတို့နဲ့ ပတ်သက်ပြီး သဘောထားအမြင် ရယူဖို့ သူ့ကို အဆက်မပြတ် ထိတွေ့ချည်းကပ်ခဲ့ကြပါတယ်။
ဦးဝင်းတင်မှာ အိမ်ထောင်မရှိ၊ သားသမီးမရှိပါဘူး။ သူ့ကို လေးစားတဲ့ နိုင်ငံရေး၊ စာနယ်ဇင်း အသိုင်းအဝန်းက လူကြီးလူငယ်တချို့က သူ့ရဲ့ မိသားစုဝင်တွေလို သူ့ကို ထိတွေ့ အကူအညီပေးခဲ့ကြတာပါ။
ဗိုလ်ချုပ်ကြီးများက နိုင်ငံရေးအကျဉ်းသားတွေကို မနှိပ်စက်ဘူး ဆိုရင် ထောင်ထဲအနှစ် ၂ဝ နေခဲ့ရတဲ့ ဦးဝင်းတင်ဟာ ဒီထက်မက အသက်ရှည်ဦးမယ်လို့ ယူဆရပါတယ်။

0 comments :
Post a Comment