သင်္ကြန်တွင်း ပျက်စီးခဲ့တဲ့ အသားအရေနဲ့ ဆံပင်တွေအတွက်

Thursday, April 24, 2014

~


 




မြတ်သူအောင်
 
ပြီးခဲ့တဲ့ သင်္ကြန်အတွင်းမှာ ဧရာဝတီရဲ့ ခေတ်ရေစီး ပရိသတ်ကြီးလည်း သင်္ကြန်ရေစိုစိုနဲ့ နေပူပူမှာ အစွမ်းကုန် ပျော်ခဲ့ ကဲခဲ့ကြမယ် ထင်ပါတယ်။
ခရမ်းလွန်ရောင်ခြည် UV လွန်ကဲနေတဲ့ နေရောင်ကို ရှောင်ဖို့အတွက် နေရောင်ကာလိမ်းဆေးတွေ၊ အင်္ကျီလက်ရှည်တွေဝတ်ပြီး ကာကွယ်ခဲ့တဲ့ တိုင်အောင် အသားအရေနဲ့ ဆံပင်တွေက အနည်းနဲ့အများတော့ ပျက်စီးမှာ အသေအချာပါပဲ။
ဒါကြောင့်  အသားအရေနဲ့ ဆံပင်တွေကို ပြန်လည်ထိန်းသိမ်း ပြုပြင်နိုင်မယ့် နေရာတခုဖြစ်တဲ့ Cut & Clean Hair and Beauty Spa ဆိုင်နဲ့ မိတ်ဆက်တင်ပြလိုက် ရပါတယ်။

ဒီဆိုင်မှာ ဆံပင်အစ ခြေအဆုံး အလှအပအတွက် Spa အမျိုးမျိုးရှိပြီး ပျိုမေတွေအတွက် အလှအပနဲ့ပတ်သက်ပြီး ခေါင်းအစ ခြေအဆုံး တာဝန်ယူပေးနိုင်တဲ့ နေရာတခုဖြစ်ကြောင်း သိရပါတယ်။

သင်္ကြန်မှာဆံပင်ကို အရောင်အမျိုးမျိုးဆိုး အလှဆင်ခဲ့ပြီး နေဒဏ်လေဒဏ်နဲ့ ဆိုးဆေး ချွတ်ဆေးဒဏ်ခံရလို့ ပျက်စီးနေတဲ့ ဆံပင်သားတွေအတွက်ကတော့ Hair Spa ပြုလုပ်ပေးခြင်းဖြင့် ဆံကေသာအလှကို ပြန်လည်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

Hair Spa အတွက် ဈေးနှုန်းကတော့ ကျပ် ၁၀,ဝ၀ဝ ဖြစ်ပါတယ်။

နေရောင်ဒဏ်၊ လေပူဒဏ်နဲ့ မသန့်ရှင်းတဲ့ရေတွေနဲ့ ထိတွေ့ခဲ့ရလို့ ပျက်စီးချင်နေတဲ့ အသားအရည်အတွက်တော့ မျက်နှာအသားအရေ ပျက်စီးမှုကို ပြန်လည်ပြုပြင်ဖို့ Face Spa လုပ်တာနဲ့ Facial Mask နဲ့ ပေါင်းတင်တာတွေ လုပ်သင့်ပါတယ်။

ဒီဆိုင်မှာတော့ Face Spa အတွက် ဈေးနှုန်းက ကျပ် ၁၅,၀ဝ၀ ဖြစ်ကြောင်း သိရပါတယ်။

 

  .
အသားအရေ ထိန်းသိမ်းရတာကို သဘောကျတဲ့ ပျိုမေတွေအတွက်ကတော့ Face Spa တင်မကဘဲ Body Spa ပါ လုပ်လေ့ရှိကြပါတယ်။

Body Spa (အမျိုးသမီးသီးသန့်) ဈေးနှုန်းကတော့ ၃၀,ဝ၀ဝ ကျပ် ဖြစ်ပါတယ်တဲ့။

သင်္ကြန်မှာ အင်္ကျီလက်ရှည်မဝတ်ဘဲ ရေကစားတဲ့သူတွေလည်း ရှိပါလိမ့်မယ်။
အတိုအပြတ်ဖက်ရှင် လန်းလန်းတွေဝတ်ပြီး ရေကစားခဲ့တဲ့သူတွေကတော့ နေလောင် ညိုကွက်သွားတဲ့ ခြေလက်အသားအရေတွေအတွက် Hand Spa နဲ့ Foot Spa လုပ်ပြီး မိမိရဲ့လှပတဲ့ လက်နဲ့ ခြေထောက်တွေကို ပြန်လည် ပြုပြင်နိုင်ပါတယ်။

Hand Spa ကတော့ ဈေးနှုန်း ကျပ် ၅,၀ဝ၀ ဖြစ်ပြီး Foot Spa ကတော့ ကျပ် ၆,၀ဝ၀ ကျသင့်မှာဖြစ်ကြောင်း သိရပါတယ်။
တချို့ Spa ကတော့ Discount တွေပေးနေတယ်လို့ ကြားရတယ်။ ကဲ ...Spa ကို အပြေးလေးသွားလိုက်ရအောင်လား ...။

ဓာတ်ပုံများ - ဟိန်းထက် / ဧရာဝတီ
နေရာ -
Cut & Clean Hair and Beauty Spa 
Ruby Mart ရှေ့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်
   .



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved