ဦးဝင်းတင်ကို ဒေါ်အောင်ဆန်းစုကြည် သွားတွေ့ ပြီ

Thursday, April 17, 2014

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဧပြီ ၁၇ ရက်နေ့မှာ ရန်ကုန် ပြည့်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ဆေးကုသခံယူနေတဲ့ ပါတီ နာယက ဦးဝင်းတင်ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 

 ဓာတ်ပုံ- Aung San Thway T

ဂျာမဏီနဲ့ ပြင်သစ်ခရီးစဉ်က ပြန်လည်ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မထင်မှတ်ပဲ  ရန်ကုန်
ဆေးရုံကြီးကို သွားရောက်ခဲ့တာလို့ သိရပြီး သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ရန်ကုန်ဆေးရုံကြီးမှာ ကျန်းမာရေး အတော်မကောင်းဖြစ်နေတဲ့ ဦးဝင်းတင် ကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ကာ လူနာသတင်းမေးသင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း အွန်လိုင်း လောကမှာ ပေါ်ထွက်ခဲ့ပါသေးတယ်။ 


အိမ့်သံစဉ် ~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved