ကာ/ချုပ်နဲ့ အရှေ့မြောက်တိုင်းတွင်းက ပြည်သူ့စစ်ခေါင်းဆောင်များ တွေ့ဆုံ

Monday, April 7, 2014

ရှမ်းပြည်နယ်ခရီးစဉ်အတွင်းမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အရှေ့မြောက် တိုင်း စစ်ဋ္ဌာနချုပ်နယ်မြေအတွင်းမှာ ရှိတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ ၂၇ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဧပြီလ ၆ ရက်
နေ့ ညနေပိုင်းက တိုင်းစစ်ဋ္ဌာနချုပ် ရွှေလီရိပ်သာ ဧည့်ခန်းမမှာတွေ့ဆုံခဲ့ပါတယ်။ 


ကာချုပ်က ပြည်သူ့စစ်အဖွဲ့တွေဟာ တိုင်းပြည်လွတ်လပ်ရေးရပြီးချိန်ကတည်းက အစဉ်အလာကောင်းတွေ ရှိပြီး နိုင်ငံတော် ကာကွယ်ရေးအတွက် တပ်မတော်နဲ့ လက်တွဲပြီး အကူအညီပေးအပ်ခဲ့တာတွေကို အသိအမှတ်ပြု ပြောဆိုတယ်လို့ မြန်မာ့ရုပ်မြင်သံကြားက ဆိုပါတယ်။

  


အိမ့်သံစဉ် ~











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved