အိပ်မက်ဆုံရာ Season 8 ရဲ့ ရလဒ်တွေ

Monday, April 7, 2014

မြန်မာနိုင်ငံက Channel 7 က စီစဉ်တဲ့ အိပ်မက်ဆုံရာ Season 8 မှာ Winner ဆုရှင်ကတော့ Leo ( လီယို) က ရရှိသွားပြီး ဆုငွေ အဖြစ် ကျပ် ၁ဝ သိန်း ရရှိသွားပါတယ်။ 


Clear People Choice Award ဆိုတဲ့ SMS နဲ့ ပရိသတ်ကပေးတဲ့ အမှတ် အများဆုံး ရရှိသူကတော့ ချစ်ဇွဲသာ ဖြစ်ပါတယ်။ သူဟာ ဆုငွေကျပ် ၃ သိန်း လည်း ရရှိပါတယ်။ ဒီအပြင် ချစ်ဇွဲသာဟာ 1st Runner Up ကို ဆုကိုလည်း ဆွပ်ခူးရရှိပြီး ဆုငွေ ကျပ် ၇ သိန်း ရရှိသွားပါတယ်။ 

2nd Runner Up ကို ဆုထက်လှိုင် က ရရှိပြီး ဆုငွေ ၅ သိန်း၊ 3rd Runner Up ကို ပိုင်ပိုင် က ရရှိပြီး ဆုငွေ ကျပ် ၃ သိန်းနဲ့ 4th Runner Up ကို မင်းဇော် ကရရှိပြီး ဆုငွေ ကျပ် ၃ သိန်း စသဖြင့် အသီးသီး ဆုတွေ ရသွားကြပါတယ်။ 

အဲဒီနောက် 5th Runner Up ကို ခြိမ့်စန္ဒီလတ်၊ 6th Runner Up ကို ပြည်ဖုန်းမော်၊ 7th Runner Up ကို ကေဟိန်းနဲ့ 8th Runner Up ကို ကာရံချို တို့က အသီးသီးရရှိပြီး ဆုငွေ ကျပ် ၂ သိန်းစီ ရသွားကြပါတယ်။ 

အိမ့်သံစဉ် ~









 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved