လမ်းမှားလာတဲ့ ကျားသစ်နဲ့ လူတွေ ဘာတွေဖြစ်

Tuesday, April 22, 2014

တောထဲကနေ မျက်စေ့လည် လမ်းမှားလာတဲ့ ကျားသစ်တကောင်က အိန္ဒိယ နိုင်ငံ မဟာရာရှထရာ 
ပြည်နယ်၊ ချန်ဒရာ ပူရ် ခရိုင်က နေထိုင်သူတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို ခက်ခက်ခဲခဲ မှတ်တမ်းတင် ထားတဲ့ ရုပ်သံ မှတ်တမ်း တခုပါ။ 


ခေါင်မိုးပေါ် ပုန်းအောင်း ရောက်နေတဲ့ ကျားသစ်ကို ဒေသခံ တွေက သိရှိပြီး လိုက်လံ ဖမ်းဆီးရာမှာ ရွာသားတွေကလည်း ကျားသစ် တိုက်ခိုက်ရန်ကို ကြောက်လန့် ခုခံ ကာကွယ်ခဲ့ကြသလို ကျားသစ်ကလည်း လူတွေကို ကြောက်လန့်ပြီး ထွက်ပြေး တိမ်းရှောင်ရင်း ရေချိုးခန်းတခုထဲ ဝင်ပုန်းသွားခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံ သစ်တော ဋ္ဌာနက က အဲဒီကျားသစ်ကို ဖမ်းဆီးပြီး တောထဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်း က ဆိုပါတယ်။ 

သစ်တော ပြုန်းတီးမှုတွေကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတဲ့နောက် တောရိုင်း တိရိစ္ဆာန်တွေဟာ စာကျက်မြေ
တွေ ကျုံ့လာပြီး အစာရှာရင်း အခုလို လူအများနေတဲ့ အရပ်ဒေသတွေဆီကို မျက်စေ့လည်လမ်းမှား
ရောက်တတ်တာမျိုးတွေ ရှိကြပါတယ်။

  

အိမ့်သံစဉ်~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved