ဦးဝင်းတင်အတွက် ဦးနေဝင်းရဲ့ မြေး အေးနေဝင်းပြောတဲ့ အမှတ်တရများ

Friday, April 25, 2014

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ ကွယ်လွန်သူ ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ အတူနေခဲ့ဖူးတဲ့ ဦးနေဝင်း ရဲ့ မြေး အေးနေဝင်းက ဦးဝင်းတင်နဲ့ ပတ်သက်လို့ အခုလို အမှတ် တရ ပြောဆိုထားပါတယ်။ 



အဘိုးဖြစ်သူ ဦးနေဝင်း ဓာတ်ပုံကို ကိုအေးနေဝင်းက ရုံးခန်းတွင် တခမ်းတနား ချိတ်ဆွဲနေရာပေးထားသည် 
(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

ချစ်စရာကောင်းသော အဖိုးကြီးတစ်ယောက် ထောင်ထဲတွင် ကျွန်တော်နှင့် ညီအလတ် ကိုကျော်တို့ တည်းခို ခဲ့စဉ် ညီအငယ်ဆုံး ကိုဇွဲထံသို့ စာအုပ်တစ်အုပ် လက်ဆောင်ရောက်လာသည်။ 

ညီအစ်ကိုသုံးယောက်စလုံးအတွက် လက်ဆောင်ပေးလာသော စာအုပ်ဖြစ်၏။ 

ကိုဇွဲနှင့် ညီအစ်ကိုများ - သို့ စာရေးသူထံမှ ဟံသာဝတီ ဦးဝင်းတင် ၂၆၊၃၊၂၀၁၃ ဟူ၍ရေးထိုးထားသည်။ 

ဓာတ်ပုံ- ကိုအေးနေဝင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ

အဘ ဦးဝင်းတင်က ကျွန်တော်တို့မတိုင်ခင် လွတ်နှင့်နေပြီိမို့ ထောင်အကြောင်းရေးထားသော စာအုပ်ထွက် လာရာ သူနှင့် ကျွန်တော်တို့အကြောင်း အမှတ်တရ တွေ့ခဲ့ပုံလေးများ ထည့်ရေးထားသဖြင့် ဖတ်စေချင်လို့ ဟုဆိုသည်၊ 

မနေ့ညက အလွမ်းပြေပြန်ဖတ်မိလိုက်တော့ ဆို့နင့်မှုတစ်ခုကို ခံစားလိုက်ရသည်၊ ထောင်ထဲတွင် ကျွန်တော်တို့ နှင့် သူတွေ့ဆုံခဲ့ပုံလေးများကို အဆိုပါစာအုပ်တွင် ရေးထားရာ စတင်တွေ့ဆုံပုံကို သူက 
အောက်ပါအတိုင်း ရေးထားသည်။ 



ဦးဝင်းတင် ပြန်ကြားရေးဌာနတွင် အရာရှိကြီးတစ်ဦးအဖြစ် မန္တလေး၌တာဝန်ကျစဉ်က ကျွန်တော်တို့ အဘိုးက နန်းတော်ထဲ သို့ ဖိတ်ကာ ထမင်းကျွေးရင်း စကားစမြည်ပြောကြကြောင်းကို လူတော်တော် များများသိသည်၊ 

လူသိနည်းသည်မှာ တစ်ခါက ဦးဝင်းတင်သည် အစိုးရတာဝန်တစ်ခုဖြင့် လန်ဒန်မြို့သို့ ရောက်နေတုန်း ကျွန်တော်တို့ မိသားစု က လည်း ခရီးစဉ်တစ်ခုနှင့် ရောက်သွားသည်။ 

လန်ဒန်တွင် မြန်မာအရာရှိများ ခရီးထွက်လာသည့်အခါတွင် ဈေးချိုချိုနှင့် အိမ်အပြန်လက်ဆောင်များ ဝယ်လေ့ရှိသော Sheppard’s Bush ဆိုသော ဈေးရှိသည်။ 

ထိုဈေးသို့ ဦးဝင်းတင်နှင့် ဆရာကြီးတက်တိုးတို့ ရောက်နေကြချိန် သူတို့ ကို လိုက်ပို့သော မြန်မာသံရုံးက အရာရှိက အဘိုးကခေါ်၍ သံရုံးဧည့်ဂေဟာကို မြန်မြန်ပြန်လာကြဖို့ ဖုန်းဆက်လာကြောင်းပြောသည်။ 

ဦးဝင်းတင်က ဖုန်းပြန်ဆက်ကာ ဟော်တယ်ပြန်ပြီး အဝတ်အစားလဲပါရစေဆိုသည်ကို ကျွန်တော်တို့ အဘိုးက နေပစေဟုဆို၏။ 

ဆရာကြီးများရောက်လာပြီးနောက် အဘိုးနှင့် မိုးလင်းခါနီးအထိ စကားပြောကြသည်။ ထူးသည်က ထိုနေ့ ဆရာတက်တိုး (ဦးအုန်းဖေ) ဝတ်လာသည့် ဝတ်စုံမှာ လေဟာပြင်ဈေးက ပြန်လာတာဖြစ်သောကြောင့် ခပ်နွမ်းနွမ်းဖြစ်နေသည်။ 

ထိုအချက်ကို မြင်သောအဘိုးက Þ ကိုအုန်းဖေရယ်။ ခင်ဗျားမလဲ အဝတ်ဝတ်တာ ပေစုတ်စုတ်ဖြစ်နေ လိုက် တာ၊ နောက်ကိုမဖြစ်တော့ဘူး၊ ကျွန်တော်တို့ဆီကလူတွေ နိုင်ငံခြားလာရင် သူများအထင်မသေးရအောင် ဝတ်စုံကောင်းကောင်းချုပ်ပေးလိုက်မှ ဖြစ်မယ်ß ဟုဆိုကာ လောလောဆည် ဆရာတက်တိုးအတွက် ဘိလပ်မှာ အင်္ကျီချုပ်ပေးသည်။ 

ဦးဝင်းတင်က နောက်ပိုင်း ကျွန်တော်တို့နှင့် ထောင်ထဲတွင် ပြန်တွေ့တော့ Þဆရာတက်တိုး ပေစုတ် စုတ် ဖြစ်သလိုနေခဲ့လို့ ကျွန်တော်တို့ ဌာနပေါင်းစုံဝန်ထမ်းတွေ နောက်ကို နိုင်ငံခြားသွားရင် အစိုးရ စရိတ်နှင့် အဝတ်အစားချုပ်လို့ရတာဗျßဟု ရယ်သွမ်းသွေးကာ ပြောပြသည်၊ 

နောက်နောင် အာရ်အက်အေ မေးမြန်းခန်းတစ်ခုလုပ်တော့လည်း ထိုအကြောင်းကို အဘ ဦးဝင်းတင် 
ပြောပြလိုက်သေးသည်၊ 

ဆရာကြီး ဦးဝင်းတင်ဆိုပါက အများအမြင်တွင် မာမာထန်ထန်ဟု သတ်မှတ်ထားကြပေလိမ့်မည်၊ သူ့ ယုံကြည်ချက်ကို သူမြတ်နိုးရာတွင် ဈေးဆစ်မခံသူတစ်ဦးဖြစ်သည်ကို ကျွန်တော်လည်း သိသည်၊ 

သို့သော် လူသားတစ်ဦးအဖြစ် ချစ်စရာကောင်းသော ဦးဝင်းတင်ကိုကား အမှန်တကယ်တွေ့ဖူးသူများကသာ သိနိုင်သည်၊ 

ဟယ်ရီပေါ်တာ ပုံပြင်စာအုပ်များ၊ People ကဲ့သို့သော အပျော်ဖတ်စာစောင်များကို ဖတ်တတ်သော နူး ညံ့ သည့်ဦးဝင်းတင်၊ သီချင်းဆိုတတ်သော ဦးဝင်းတင်ကို တွေ့ဖူးကြပါက လေးစားကြည်ညိုသည့်အပြင် ပိုချစ် ကြ လိမ့်မည်ထင်သည်။ 

ထောင်ထဲတွင် သူနှင့် ကျွန်တော်တို့ညီအစ်ကိုများ တစ်ဦးနှင့် တစ်ဦးစိတ်သက်သာရာရအောင် စာအကြောင်း 
ပေအကြောင်း ပြောခဲ့တာမျိုးများရှိသလို နိုင်ငံရေးအကြောင်းများကိုလည်း ဆွေးနွေးဖြစ်သည်။

ပြောတာတွေမှာ အမျာကြီးမို့ထားလိုက်ပါတော့။ သို့သော် ကျွန်တော် တင်ပြလိုသည်မှာ အဘဦးဝင်းတင်
ရေး သည့် ဘာလဲဟဲ့လူ့ငရဲ စာအုပ်ထွက်လာသောအခါ ထောင်ထဲတွင် ကျန်နေသောသူများအား ငဲ့ညှာ စိတ်ဖြစ် ထိန်းထိန်းသိမ်းသိမ်းရေးသွားရှာသည်။ 

သူ့ပင်ကိုက ဘယ်သူ့မှ မျက်နှာမထောက်သော သူတစ်ဦးက ကျန်ခဲ့သည့်သူများ ပိုကြာသွားမည့် အရေး အသား မျိုးကို ရှောင်ရေးရှာသည်၊ 

ထိုအကြောင်းကို သူရေးသားရာတွင် .... 



သူလွတ်သည့်နေ့က မပြန်ဘူးလုပ်နေခဲ့သည်။ နံနက်ပိုင်း စောစော လွတ်ဖို့ရှိသည်ကို ညနေအထိ ပေကပ် ကာနေသွားသည့် အာဂအဖိုးကြီးပင်ထည်း။ 

သူမသွားလိုသည့်အကြောင်းမှာ သူ့ကို အိုနာကျိုးကန်း အဖြစ်တော့ လွှတ်မှာကိုလက်မခံဟုဆိုသည်၊ 
ပြောလိုသည်မှာ အသက်ကြီးလို့ သနားစရာအဖြစ် လွှတ်ပေးတာလက်မခံလိုသည့် သဘောဖြစ်၏။

နိုင်ငံရေးသမားကို နိုင်ငံရေးလုပ်ဖို့ လွှတ်သင့်သူအဖြစ် သတ်မှတ်လွှတ်မှ သွားမည်ဟုဆိုခဲ့ခြင်းဖြစ်သည်၊ ညနေပိုင်း ဒုညွှန်ချုပ်လာတော့ ကျွန်တော်တို့နှင့် လာထိုင်နေသည်။ နှစ်ယောက်ထဲအတွေ့မခံ။ 

ဦးဝင်းတင်က သူ့ကို နိုင်ငံရေးလုပ်ဖို့လွှတ်ပါသည်ဆိုပါမှ ပြန်သွားသည်။ 

ကျွန်တော်တို့သားအဖလေးယောက်ကို သက်သေထားကာပြောသွားမှ သူပြန်ခဲ့သည်။ နောက်ကို အကျဉ်း ဦးစီး ဒုညွှန်ချုပ်က သူ့ကို မပြောပါဘူးဆိုလို့မရအောင် သက်သေခံခိုင်းထားသည်မို့ အခုလို သူဆုံးချိန် တွင် ဖော်ကောင်လုပ်ကာ သက်သေလိုက်ပေးရခြင်းဖြစ်သည်။ 

နောက်နောင်လာသော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တို့တွင် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောက်ရွက်ရန်ဟု ဖော်ပြလာခြင်းမှာ ထိုအတွက်ကြောင့်ဖြစ်သည်။ 

အဘ ဦးဝင်းတင် မရစ်ခင်ကဆိုလျှင် သနားငဲ့ညှာသဖြင့်တို့ ဘာတို့လောက်သာကြေငြာတာဖြစ် သည်၊ 
ထောင်ကထွက်ပြီး အပြင်ရောက်လို့မကြာမီ နေအိမ်အကျယ်ချုပ်ကျနေသော ကျွန်တော်တို့မိခင်ကို သူဆက်သွယ်သည်၊ ဆက်သားမှတဆင့် သားအဖများ ကျန်းမာကြောင်း သတင်းပေးသည်၊ 

အပြင်ရောက်ပြီးနောက်ပိုင်းတွင်လည်း ကျွန်တော်တို့တွေ ထောင်ဝင်စာတွေ့ခွင့်လုံးဝမရသည့် ကိစ္စကို မကြေနပ်ကြောင်းပြောကာ အရေးဆိုရှာသည်။ သူ့စာအုပ်တွင် အမေ့ထံဆက်သွယ်ပုံကိုလည်း ကြား လူတွေ ပြသနာမဖြစ်ရလေအောင် ဖုံးဖုံးဖိဖိ ရေးသွားရှာသည်မှာ ချစ်စရာရောင်းလှသည်။ အဘဦးဝင်းတင်က .... 



ယနေ့တော့ အဘဦးဝင်းတင် မရှိတော့ပြီ။ သူကြိုက်သော မြန်မာမုန့်လေးများကို ကျွန်တော်တို့ သွား ကန်တော့လည်း သူမစားနိုင်တော့ပြီ၊ ကျွန်တော်ကတော့ အခုတိုင် သူသေသည်ဆိုသည့်အကြောင်းကို လက်မခံနိုင်သေး။ ဘောက်ထော်ဖက်ရောက်လို့ သူ့အိမ်ဝင်ဖြစ်လျှင် ပြုံးရွှင်သော မျက်နှာနှင့် ဆီးကြို
နေဦးမည်ဟု မဟုတ်မှန်းသိသော်လည်း မှတ်ထင်နေတော့သည်။  




အေးနေဝင်း ~ 

ကိုအေးနေဝင်း၏ ခွင့်ပြုချက်ဖြင့် ဧရာဝတီက ပြန်လည် ဖော်ပြပါသည်။








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved