ရာဇာမင်း ကား တိမ်းမှောက်မှု ကူညီခဲ့သူ ဦးစိုးမင်းလွင်ရဲ့ စကား

Wednesday, May 14, 2014

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မှာ တနေ့က ရာဇာမင်းကား တံတားပေါ်က ထိုးကျပြီး လူ ၁၄ ဦး 
သေတဲ့ အဖြစ်ဆိုး အားလုံး သိကြမှာပါ။ 



အဲဒီ ရာဇာမင်း ကား နောက်က ပါလာတဲ့ အင်ဂျင်နီယာ ဦးစိုးမင်းလွင် က အခင်းဖြစ်တဲ့ ညက သူ တတ် အားသလောက် ထိခိုက် ဒဏ်ရာရသူတွေကို ကူညီခဲ့ပါတယ်။ 

ပြီးတော့ သူက မှတ်တမ်း ဓာတ်ပုံတချို့ ရိုက်ကူးပြီး ဖေ့စ်ဘုတ်ပေါ်လည်း တင်ပေးခဲ့ပါတယ်။ အဲဒီနေ့ညက
သူရေးခဲ့တာကို ပြန်ဖော်ပြပေးလိုက်ပါတယ်။ 

"ကျွန်တော် မသေသေးပါဘူး ဆေးရုံပို့ပေးပါဦး၊ ကျွန်မယောက်ကျား သွေးတွေ တအားထွက်ပြီး ကားထဲမှာ ကျန်ခဲ့တယ် ထုတ်ပေးပါဦး၊ အသက်ရှူနိုင်အောင် လုပ်ပေးကြပါဦးဗျ၊ ကျွန်မ passport ကျန်ခဲ့လို့ ယူပေးပါ ဦး မနက်ပြန်ရမှာဆိုသော ခါးကျိုးနေသူရဲ့အသံ၊ ရေလေးတိုက်ပါဦးဆိုပြီး လက်ပေါ်တင် အသက် 
ပျောက်သွားသူတစ်ယောက်။ ကျွန်မ သေရင် ခလေးကို ဂရုစိုက်ပေးပါဆိုသော မိခင်၊ ကျွန်မ ယောက်ကျား ဘောင်းဘီ အညိုလေးနဲ့ ရှာပေးပါဦး သူသေလို့မဖြစ်သေးဘူး ခလေးတွေ ငယ်သေးတယ် ဆိုသော သေသွားသူရဲ့အိမ်သူ........သွေးစွန်းနေသောအ၀တ်တစ်စုံ.သွေးပျက်ဖွယ်ည တစ်ညအား၊ အိပ်ဆေးတစ်လုံးနဲ့ နှုတ်ဆက်ပါပြီ။အားလုံး အဆင်ပြေကြပါစေ။"


အခုဆို သူ့ကို လူမှုရေး သူရဲကောင်းလို့ ကင်ပွန်းတပ်ကာ ချီးမွမ်းလာမှုတွေကြောင့် သူ့ဖေ့စ်ဘုတ် စာမျက်နှာ လည်း နေ့ချင်း ညချင်း နာမည်ကြီး လာပါတယ်။ 

သမ္မတရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ကလည်း သူ့ကို အခုလို ချီးမွမ်း ထားပါ တယ်။ 

"လူမှုရေး အတွက်ထူးချွန်စွာ ဆောင်ရွတ်ပေးခဲ့သော အကောင့်
ပိုင်ရှင် ဦးစိုးမင်းလွင် အား ဂုင်္ဏပြုသောအားဖြင့် ၀ိုင်းဝန်း Share ပေးခြင်း အားဖြင့် ဂုဏ်ပြုပေးနိုင်ကြပါရန်လေးစားစွာပန်ကြားအပ်ပါသည်" လို့ သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။


ဦးစိုးမင်းလွင်က နာမည်ကြီးချင်လို့ လုပ်ခဲ့တာ၊ ကူညီခဲ့တာ မဟုတ်တဲ့အကြောင်း သူ့ဖေ့စ်ဘုတ်က နေ အခုလို ပြောထားပါတယ်။

"မဖြစ်မနေ လုပ်သင့်တယ်ထင်တဲ့အလုပ်ကို လုပ်ခဲ့မိတာပါ။နာမည်ကြီးချင်တဲ့စိတ် လုံးဝလုံးဝ မရှိပါဘူး။ လူဘယ်နှစ်ယောက် ကယ်ခဲ့တယ် ဆိုတာမျိုးတွေ တွေ့နေရတော့ လိပ်ပြာမလုံဘူး။ ခုချိန်ထိလဲ ကယ်တယ် ဆိုတဲ့ စကားမသုံးခဲ့ပါဘူး။ ကိုးယိုးကားယားနဲ့ ဖြစ်နေတဲ့သူတွေ၊ မသေ
သေး တဲ့ သူတွေ၊ ဆုံးခါနီးသူတွေကို ကူသူတွေ ရှိပါတယ်၊ လာနေပါတယ် ဆိုတဲ့ဖြေသိမ့်မှုလေး 
ပေး ချင်တာရယ်၊ သက်တောင့် သက်သာ ဖြစ်အောင်လုပ်ပေးချင်တာရယ်ကြောင့် ရှိတဲ့ လူ အင်အားလေးနဲ့ ဆွဲထုတ်ပေးခဲ့တာပဲရှိတာပါ။ ကယ်နိုင် လိုက်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး လုံးဝ မရှိသေးပါ။ ဆွဲထုတ်မိတဲ့သူတွေထဲမှာလဲ တချို့က လုံးဝ မျော်လင့်ချက် မရှိ ဘူးလေ။ ဘာပဲ
ပြောပြော ဆုံးခါနီးသူတွေ၊ထိခိုက်သူတွေကို တတ်နိုင် သလောက် အားပေးစကား ပြောခဲ့မိတာ ကိုတော့ ကျေနပ်ပါတယ်။ မမျော်လင့်ပဲ ကိုယ့် page က နာမည်ကြီးသွားတော့ အပြောအဆို 
တော်တော် သတိထားရတော့မယ်။


 အိမ့်သံစဉ် ~



ဆက်စပ်သတင်း 

၁၄ ဦးသေဆုံးသော ရာဇာမင်းကား မှောက်မှု မှ ဒဏ်ရာရသူတချို့ အသက်အန္တရာယ် စိုးရိမ်ရ



 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved