အစိုးရနဲ့ KIA တို့ရဲ့ မြစ်ကြီးနားဆွေးနွေးပွဲ ဘာထူးလဲ

Wednesday, May 14, 2014

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့မှာ အစိုးရ ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအဖွဲ့နဲ့ KIA တို့ တွေ့ဆုံဆွေးနွေးမှုအပြီး ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းဖို့ သဘောတူခဲ့ကြပြီး ပူးတွဲ ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။ 

 
 မြစ်ကြီးနားဆွေးနွေးပွဲအပြီး မှတ်တမ်းဓာတ်ပုံရိုက်ကြစဉ်၊ ဓာတ်ပုံ- မေခ/ ဧရာဝတီ

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းအပါအဝင် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေ၊ မြောက်ပိုင်း တိုင်း တိုင်းမှူးတို့ နဲ့ ကေအိုင်အေက ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့တက်ရောက်ဆွေးနွေးတဲ့ ပွဲမှာ အရင်တုန်း က ဆွေးနွေးပွဲတွေမှာလို မြန်မာစစ်တပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တက်ရောက်မှု မရှိပါဘူး။ 


အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KIA တို့ရဲ့ မြစ်ကြီးနား တွေ့ဆုံပွဲမှာ အဓိက အားဖြင့် ၂၀၁၃ ခုနှစ်
အောက်တိုဘာလ က တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့တဲ့ ရလာဒ်တွေကို အကောင်အထည်ဖော်ရေး အဓိက ဆွေးနွေးတာဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောပါတယ်။ 

မြစ်ကြီးနားတွေ့ဆုံပွဲကို ကုလသမဂ္ဂ ၊ တရုတ်နိုင်ငံတို့မှ သံတမန်တချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း တက်ရောက်ကြပါတယ်။ 






 အိမ့်သံစဉ် ~


ဆက်စပ်သတင်း 

ဦးအောင်မင်းနှင့် KIA တွေ့ဆုံပွဲ စစ်တပ်မှ ဒုတိယ ဗိုလ်ချုပ်ကြီးများ မတက်











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved