~
ရန်ကုန်မြို့က ရှေးဟောင်း အဆောက်အအုံ တရားရုံးကြီးနှစ်ခု ပုဂ္ဂလိက လုပ်ငန်းရှင်တွေလက်ထဲ ထည့်နေတာကို ရန်ကုန်က ရှေ့နေတွေ ဒီကနေ့ ကန့်ကွက် ဆန္ဒပြကြပြန်ပါပြီ။
~
(ဓာတ်ပုံများ-စိုင်းဇော်/ဧရာဝတီ)
မြန်မာနိုင်ငံရှေ့နေများကွန်ရက်ရဲ့ ဒီကနေ့ လှုပ်ရှားမှုကို အထက်မြန်မာပြည်မှ ရှေ့နေများလည်း လာရောက်ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
လုပ်ငန်းရှင်တွေလက်ထဲ ထည့်နေတာကို မရပ်တန့်ဘူး ဆိုရင် တရားစွဲမယ်လို့ ကွန်ရက်က ကြေညာထားပါတယ်။
ဒီအဆောက်အအုံ နှစ်ကတော့ မဟာဗန္ဒုလပန်းခြံလမ်းနှင့် ပန်းဆိုးတန်းလမ်းကြားရှိ တရားလွှတ်တော်(ယခင် တရားရုံးချုပ်)၊ ကမ်းနားလမ်းရှိ ယခင်စုပေါင်းတရားရုံးတို့ ဖြစ်ပါတယ်။
ဒီကနေ့ ရှေ့နေတွေ ဆန္ဒပြရာမှာ
တရားဥပဒေ စိုးမိုးရေး အောင်မြင်ပါစေ
သယံဇာတပေါများတဲ့ ဒို့နိုင်ငံမှာ တရားရုံးပြုပြင်စရိတ်မရှိ ဆိုတာ မဖြစ်သင့်ပါ
ဆိုတဲ့ ကြွေးကြော်သံဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ထားကြတာ တွေ့ရပါတယ်။
ယခင် ဆန္ဒပြစဉ်က ကြွေးကြော်သံဆိုင်းဘုတ်တွေကိုတော့ ဧရာဝတီရဲ့ သတင်းတချို့မှာ တွေ့နိုင်ပါတယ်။
- ရန်ကုန်က ရှေ့နေများရဲ့ ဆန္ဒပြပွဲ
- In Burma, a Legal Bid to Save Rangoon’s Old Courthouse
- Public to Be Consulted on Plan to Save Rangoon’s Heritage
- Burmese Lawyers Push to Save Colonial Buildings
- Rangoon Lawyers Take to the Streets—Again
.
0 comments :
Post a Comment