ကလေးသူငယ် လိင်ကုန်ကူး ရဟန်းဝတ်ဂိုဏ်း ချင်းမိုင်မှာ ဖမ်းမိ

Wednesday, May 28, 2014

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စီးပွားရှာပြီး လူမှောင်ခို ကူးသန်း ရောင်းဝယ်မှုတွေလုပ်နေတဲ့ ထိုင်း နိုင်ငံ မြောက်ပိုင်း ချင်းမိုင်နဲ့ လန်းပန်းနယ်က ရဟန်းဝတ် ဂိုဏ်းတခုကို ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးပြီး လူဝတ်လဲစေကာ တရားစွဲဆိုသွားမယ်လို့ ချင်းမိုင်စီးတီးနယူးစ် အွန်လိုင်း သတင်းတပုဒ် မှာ 
ဖော်ပြထားပါတယ်။ 

ဖမ်းဆီး လူဝတ်လဲခံထားရတဲ့ ချင်းမိုင်နဲ့ လန်းပန်းနယ်က ကလေး လိင်ကုန်ကူး ဂိုဏ်း၊ 
ဓာတ်ပုံ- ချင်းမိုင် စီးတီးနယူးစ်

ချင်းမိုင်နဲ့ လန်းပန်းနယ်က နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတချို့က ရဟန်းဝတ် ၅ ပါးကို ကလေး သူငယ် လိင်မတရား စော်ကားခံရမှု၊ တရားမ၀င်လူမှောင်ခို ကူးမှုစတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီတာလို့ သိရပါတယ်။ 

ယမန်နေ့က အသက် ၁၄ နှစ်အရွယ် လူငယ်လေးတဦးဟာ လိင်မတရား ပြုကျင့်ခံရတာကြောင့် ထွက်ပြေး လွတ်မြောက်လာပြီး ရဲက အခုလို ရဟန်းဝတ် ဂိုဏ်းကို ဖမ်းမိတာဖြစ်တယ်လို့ ဆိုပါတယ်။ 

သတင်းအဆိုအရ အဆိုပါ ကလေးငယ်နဲ့ အတူ အခြား လူငယ်တော်တော်များများဟာ လိင်မတော် မတရားပြုကျင့်ခံရ ဖို့ ရဟန်းဝတ် တော်တော်များများကြားမှာ ရောင်းချခံခဲ့ရတာလို့လည်း ဆိုပါတယ်။ 

အဲဒီလူငယ်လေးတွေကို အိမ်တအိမ်မှာထားပြီး လိင်မှုပြုကျင့်ခံရဖို့ တကြိမ်ကို ဘတ် ၃၀၀ ကနေ ၅၀၀ ထိ ပေးရပြီး ကိစ္စပြီးတာနဲ့ ထ၀ချိုင်း ဆိုသူ ရဟန်းဝတ် တပါးက ပိုက်ဆံ လိုက်ကောက်ယူတယ် လို့ 
ဖော်ပြထား ပါတယ်။ 

ဒါကြောင့် ရဲက ရဟန်းဝတ် ထ၀ချိုင်း ဆိုသူ ရဟန်းဝတ်ကို ဖမ်းဆီးပြီး စစ်ဆေးဖော်ထုတ်ချက်အရ လိင်ကိစ္စ လုပ်ကိုင်နေ တဲ့ ဂိုဏ်း နဲ့ပတ်သက်ပြီး နောက်ထပ် ရဟန်းဝတ် ၄ ပါးကိုလည်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲ အရာရှိကြီး က ပြောထားပါတယ်။ 

အဲဒီထဲက ထိုင်း ရဟန်းဝတ် တပါးကိုတော့ ညစ်ညမ်း ဗွီဒီယိုခွေတွေ၊ လိင်ဆိုင်ရာ ပစ္စည်း ကိရိယာတွေ၊ ပါတီပွဲတွေ မှာ သုံးတဲ့ ဒစ္စကို မီးတွေနဲ့အတူဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ရဲအရာရှိကြီး ဒမ်ရွန်ဆပ် ဂီထိရပွန်က အခု လို ကိစ္စကို သိလိုက်ရတဲ့အခါ တုန်လှုပ်ခြောက်ခြားမိကြောင်း ပြောဆိုထားပါတယ်။ 




.





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved