ပြည်သူချစ်သောအနုပညာသည်များစာအုပ် နှစ်ငါးဆယ်ပြည့်ပြီ

Wednesday, May 28, 2014

 ~




စာရေးဆရာမကြီး လူထုဒေါ်အမာ  ရေးသားခဲ့ တဲ့ ပြည်သူချစ်သောအနုပညာသည်များစာအုပ်က နှစ် ၅ဝ သက်တမ်း ရှိလာပါပြီ။
 

  


 
မင်းသမီးကြီး ပန်တျာဌေးဌေးမြင့်က စာအုပ်မှာ ပါဝင်တဲ့
အငြိမ့် မင်းသမီး မြခြေကျင်းမငွေမြိုင်ရဲ့ သီချင်းတပုဒ်နဲ့ ကပြသီဆိုဖျော်ဖြေပါတယ် (ဓာတ်ပုံများ - တေဇလှိုင် / ဧရာဝတီ)

နှစ် ၅ဝ အမှတ်တရ အစီအစဉ်ကို အင်္ဂါနေ့က  အမရပူရမြို့ တောင်သမန်အင်းနားက တောင်လေးလုံးကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

၁၉၆၄ ခုနှစ်က ပထမဆုံးအကြိမ် ထုတ်ဝေတဲ့ ဒီစာအုပ်

ဟာ ၅ ကြိမ်တိုင်တိုင် ပြန်လည်ထုတ်ဝေခဲ့တာပါ။
မြန်မာ့သဘင်၊ အနုသုခုမပညာ လေ့ လာလိုက်စားလိုသူတိုင်းရဲ့ လက်စွဲစာအုပ်တအုပ်ပါပဲ။

စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ အအောင်မြင်ဆုံး လို့ ဆိုနိုင်တဲ့ ဒီစာအုပ်ဟာ  ၁၉၆၄ ခုနှစ် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုရစာအုပ်လည်း ဖြစ်ပါတယ်။

နှစ် ၅ဝ အမှတ်တရ အစီအစဉ် မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။



တောင်လေးလုံကျောင်းဆရာတော်ဦးပညာဇောတ၊ စာရေးဆရာ ကိုပညာ(အမရပူရ)
အမှတ်တရစကားပြောကြားနေတဲ့  သတင်းစာဆရာကြီးမောင်သစ်လွင်(လူထု) ကျေးဇူးတင်စကားပြောကြားပေးတဲ့ လူထုဒေါ်အမာရဲ့သားငယ်  စာရေးဆရာညီပုလေး


 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved