facebook ထဲက အသံများ

Wednesday, May 28, 2014

 ~





  .
အထူး အခွင့်အရေး မမက်မောကြောင်း အခြေခံ ဥပဒေ ပြင်ဆင်တဲ့နည်းနဲ့ သက်သေပြဖို့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့တပ်မတော်ကို တိုက်တွန်း စိန်ခေါ်နေပါတယ်။

ဒီလို တိုက်တွန်းလှုံ့ဆော်မှုနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ဆီက အသံ ထွက်လာပါပြီ။

“တပ်မတော်ကို ပုတ်ခတ်တဲ့ သဘောပြောတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းကြားစာ ပို့ထားပါတယ်” လို့  ကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက  ဧရာဝတီကို ပြောပါတယ်။

အဲဒီစာမှာတော့  အခြေခံဥပဒေကို လေးစားမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကတိပြုထားကြောင်း ထောက်ပြထားပါတယ်။

ဒီသတင်းကို ဧရာဝတီ ပင်မစာမျက်နှာမှာ ဖော်ပြပြီး ဧရာဝတီ facebook မှာလည်း ညွှန်းခဲ့ပါတယ်။
သတင်းအညွှန်းမှာ စာဖတ်သူများက မှတ်ချက်ပေးထားကြတာ အများအပြားပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်မှတ်ချက်ပြုသူအများစုက နာမည်ဝှက်တွေသုံးထားကြတာကို သတိပြုမိကြမှာပါ။

စိတ်ဝင်စားစရာဖြစ်မယ်လို့ ယူဆတဲ့အတွက် တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
  • စစ်တပ်ကို စိန်ခေါ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ကော်မရှင် သတိပေး

    ၄၃၆ မပြင်ခင် ရွေးကောက်ပွဲကော်မရှင်အရင်ပြင်ရမယ် အောင်မလေးလေးဖြစ် ရလေ၂၀၀၅/ ၂၀၀၆ တောက်လျှောက်သူတို့သတင်းစာကနေ ပုတ်ခတ်ခဲ့တာတွေကျတော့ ဘယ်လိုလုပ်မလဲ


      အမေစု ကို ထောက်ခံမဲပေးရပါလိမ့်မယ်။ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံကို စစ်တပ်က အနိုင်ကျင့်တာများနေပြီဗျ။

    သွေးပျက်နေကြပြီလားဒေါ်စုပြောစစ်တပ်ကိုစိန်ခေါ််တယ်ဆိုတာမိုက်ကြေးခွဲတာမဟုတ်ဘူး
    အမှန်အတိုင်းမြင်ပြီးအမှန်အတိုင်းလုပ်ဖို့မီးမောင်းထိုးပြတာ
    အခုသတိပေးစာပို့တာကမှမိုက်ကြေးခွဲစိန်ခေါ်တာနဲ့တူနေတာ


    န်ကုန်မှ မန္တလေးသွားဖို့ ရန်ကုန်ဘူတာကြီးမှာ ဒေါ်စုစီးမယ့် ရထားတွဲကို ဘီးပူတာလိုလို၊ ဘီးပေါက်တာလိုလိုနဲ့ တွဲဆိုင်းဖြုတ်ချ မသွားနိုင်အောင်လုပ်ခဲ့တာ၊ ပြည်သူထောက်ခံမယ်မှန်းသိတော့ ဒေါ်စုလာပြီဆိုရင် တယ်လီဖုန်းလိုင်းတွေဖြတ်ချတာ၊ ခရီးစဉ်တွေကို အမျိုးမျိုးးနှောက်ယှက်တာ၊ သတ်ဖြတ်ဖို့ကြံစည်တာတွေကို လုပ်ဆောင်အကောင်အထည်ဖော်ခဲ့ကြသူတွေဟာ လက်ရှိလွတ်တော်ထဲက ပုဂ္ဂိုလ်ကြီးတွေပါ။

    တပ်မတော်ကိုစိန်ခေါ်တော့ သတိပေးတယ်ပြည်သူတွေကို စိန်ခေါ်တဲ့ တပ်မတော်ကဝန်ကြီးတွေရော သတိပေးလို့မရဘူးလား


    ဒါကတပ်မတော်ကိုပုတ်ခတ်တဲ့စကားလို့ကျနော်မထင်ပါဘူး.. စစ်တပ်အနေနဲ့ တခါမှ မလုပ်ခဲ့ဖူးတဲ့ပြည်သူ.ဘက်ကရပ်တည်ခြင်းကို စတင်လုပ်ဆောင်ကြည့်ဖို. တိုက်တွန်းဆော်သြလိုက်တဲ့ စကားပဲ သေချာတွေးကြည့်ရင်သိနိုင်ပါတယ် ဒေါ်စုက အဓိပ၌ာယ်မရှိတဲ့ စစ်တပ်ကိုစိန်ခေါ်တဲ့စကား ဘယ်တော.မှမပြောဘူး ဆိုတာ ကျနော်ယုံတယ် သေသေချာချာလဲတွေးကြည့်ကြပါအုံး ဥာဏ်ကြီးရှင်တို.ရယ် အဓိပ္ဖာယ်တလွဲတွေကောက်ပြီး အပြစ်လောက်ပဲရှာမနေကြပါနဲ့ဗျာ....................

    ရွေးကောက်ပွဲကော်မရှင်ကတော့လုပ်ပြီ ဝန်ကြီးတွေ၊ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူကိုစော်ကား၊NLDကိုစော်ကားနေတာကြတော့အသံမထွက်ဘူး။ ဒေါ်စုကအမှားကိုပြန်ပြင်ပေးနေတာ၊ တစ်ဖက်စောင်းနင်းဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥဒေကိုတည့်မတ်ပေးနေတာ။ ပြည်သူအတွက်လုပ်ပေးနေတာကြတော့ ကော်မရှင်ကအသံထွက်လာတယ်နော် တော်တော်တရားကျဖို့ကောင်းတယ်။
    ကော်မရှင်ထဲမှာလည်း ဘောင်းဘီချွတ်တွေ ချည်းပါဘဲ အမေစု ပြောတာ နဖူး တည့်တည့်မှန်သွားပုံရတယ်

    ခု စစ် အ စိုး ရ အား ပေး သူ တွေ တ နေ့ ၂၀၀၀ နဲ့ ထ မင်း တ နပ် လျော့ စား နွား နို့  သောက် ဖ ယောင်း တိုင် မီး ထွန်း ပြီး ပါး အ ရိုက် ခံ ပြီး တော့  တိုင်း ရင်း သား ချင်း စစ် တိုက် ဘုန်း ကြီး ခေါင်း တုတ် နဲ့ ရိုက် ဘု ရား ပေါ် ကားနဲ့ တက် သိမ် ဖျက် ပြီး နေ

    nldကိုတော့သိပ်မကြိုက်ပါဘူး။ nldကိုပဲမဲထည့်မှာ အာဏာရှင်စနစ်ကိုမုန်းလို့ကွ

    တိုင်းပြည်ကို ကယ်ခဲ့တာ တပ်မတော်နော် လူနည်းစုအတွက်နဲ့ တပ်မတော်ကို မစော်ကားနဲ့


    နိုင်ငံကိုဘယ်သူကာကွယ်နေလဲသတိရပါ ဒေါ်စုလား မင်းကိုနိုင်လား ကိုကိုကြီးလား ဦးသိန်းစိန်လား မင်းအောင်လှိုင်လား တပ်မတော်ပါ

    ၄၃၆ဆိုတာဘာတုန်းရောအဲ့ဒီဆန္ဒ ပြတဲ့လူတွေသိကြလား လူ၁ယောက် ကိုမျက်စိမှိတ်ယုံရင်အဲ့ဒီလူဟာ အကန်းပဲ

    မြန်မာပြည်ကို တကယ်ချစ်တယ်ဆိုရင် အပြောတွေကိုလျော့ပါ အလုပ်နဲ့သက်သေပြပါ။ဒေါ်စုပြောသမျှ နားထောင်ပြီးအဟုတ်မှတ်မနေကြပါနဲ့။ အပြောကတော့ လူတိုင်းပြောနိုင်ပါတယ်။

    ဗိုလ်ချုပ်သမီးဆိုပီးစကားကြီးစကားကျယ်ပြောနေတာ အားလုံးကလေတွေကြီးဘဲတကယ် ဖြစ်လာတာဘာမှမရှိဘူ်း


    အပြောကောင်းပါတယ် အကျယ်ချုပ် ကထွက်လာကတည်းက ဘာတွေများလုပ်ပီးပီလဲမေးချင်တယ် ဟိုလူ့စိန်ခေါ်ဒီလူ့စိန်ခေါ်ဟိုနိင်ငံဆုယူဒီနိုင်ငံဆုယူ ဟိုနေ၇ာစကားလေးတက်ပြောလိုက်ဒီနေ၇ာစကားလေးတက်ပြောလိုက် သူအမြဲပြောတဲ့စကား ရှိပါသေးတယ် "ဖေဖေကလေ ဖေဖေကလေ ဖေဖေကဒီလိုပြောခဲ့တာဆိုပီး" ...

    ဘဝင်လေဟပ်နေတာ လေဖြတ်သွားမယ်သတိထားအုန်း ဒေါ်စု


     မြန်မာပြည်မှာအတိုက်အခံ ခေါင်းဆောင်ဆိုရင်တပ်မတော်ကိုစိန်ခေါ်လည်းရတယ် နိုင်ငံတော်အလံအလေးမပြု လည်းရတယ် စိတ်ကူးထဲပေါ်တဲ့ဥပဒေတွေုပြင်ချင်လည်းပြောလို့ရတယ် သံဃာထက်မြင့်တဲ့နေရာ ထိုင်လည်းရတယ် ကမ္ဘာပတ်ပြီးမိမိနိုင်ငံနဲ့လူမျိး တွေအသုံးမကျကြောင်းပြော လို့လည်းရတယ် ..........ရတယ် ...........ရတယ် လူငယ်လူရွယ်များလေးစား အတုယူကြပါ။်

     ဒေါ်စုကြည်ဟာ တကယ်တော့ အရည်အချင်းရော အရည်အသွေးရော မရှိတာ သေချာလေ့လာရင်သိနိုင်ပါတယ်။ဒီကနေ့အထိ ဗိုလ်ချုပ်ရဲ့. အရှိန်အ၀ါကို သုံးလို့ကောင်းနေတုန်းပါ။မြန်မာပြည်သူတွေကလဲ ဗိုလ်ချုပ်သမီးဆိုတဲ့ ဂုဏ်ပုဒ်လေးကြောင့်ချစ်ခင်နေကြတာပါ။

ုပြည်သူကို ချစ် ရင် ပြည်သူကို ကာကွယ်နေတဲ့ တပ်မတော်ကို မစော်ကား နဲ့။

    စစ်သားတွေရှေ့တန်းမှာတိုင်းပြည်နဲ့လူမျိုးအတွက်ဘယ်လိုဒုက္ခခံနေရလဲမင်းတို့မသိဘူး

     
 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved