ရန်ကုန်လေဆိပ်မှာ စင်ကာပူ လောယာဉ်တစီး ပြေးလမ်းချော်

Wednesday, May 21, 2014

ရန်ကုန်လေဆိပ်မှာ စင်ကာပူလေယာဉ်တစီး ပြေးလမ်းချော်မှု ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်း 
မြန်မာ့ ရုပ်မြင်သံကြားက အခုလို ဖော်ပြသွားပါတယ်။ 


စင်္ကာပူ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လမ်းချော်မှု ဖြစ်ပွား 
(MRTV) စာမျက်နှာက ထုတ်ပြန်ချက်အတိုင်း ပြန်လည် ကူးယူဖော်ပြပါသည်)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မေလ (၂၁)ရက်နေ့ နံနက် (၉:၁၅) နာရီတွင် စင်္ကာပူမှ ရန်ကုန်မြို့ သို့ ပျံသန်းလာသော စင်္ကာပူ လေကြောင်းလိုင်း Airbus A-330 လေယာဉ် အမျိုးအစား 
လေယာဉ် အမှတ် 9V STS သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြေး လမ်းအဆင်းတွင် ပြေးလမ်း
ချော်မှု ဖြစ်ပွားခဲ့ပါသည်။ 

လေယာဉ်ပေါ်တွင် လေယာဉ်မှူး (၃)ဦး၊ လေယာဉ်ဝန်ထမ်း (၁၀)ဦး၊ ခရီးသည် (၂၅၂)ဦး စုစုပေါင်း (၂၆၅)ဦးပါရှိပြီး စင်္ကာပူမှ ရန်ကုန်လေဆိပ်အရောက် လေဆိပ်ပြေးလမ်း (၂၁)အတိုင်း ချဉ်းကပ် ဆင်းသက် လာစဉ် ပြေးလမ်းမှ စတင် ထိတွေ့ပြီးနောက် ပြေးလမ်းမြောက်ဘက် ထိပ်အစပ်မှ ပေ (၂၀၀၀) မရောက် မီ ဘေးသို့ ဆွဲကာ ပြေးလမ်း အနောက်ဘက်ခြမ်း မြေသားပေါ်သို့ လေယာဉ်ယာဘက်ကီး ကျသွားခဲ့ပါ သည်။ 

လေယာဉ်ဘီး နှစ်ဖက်စလုံး မြေသားပေါ်သို့ ရောက်ရှိသွားကာ ပြေးလမ်း မြောက်ဘက်ထိပ် အစပ်မှ ပေ (၄၀၀၀) ခန့်တွင် ပြေးလမ်းပေါ်သို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။
(Airbus A-110 ဆိုပြီး ဖော်ပြခဲ့တာကိုကို Airbus A-330 လို့ ပြင်ဆင်လိုက်ပါတယ်။ ထောက်ပြပေးတဲ့ စာဖတ်သူတဦးကို ကျေးဇူးတင်ပါတယ်)



  

အိမ့်သံစဉ် ~






1 comments :

  1. Unknown said... :

    သတင်းဌာနတစ်ခုအနေနဲ့ မမှားသင့်တဲ့ အမှား မှားနေပါတယ်..။ Airbus industry မှာ A-110 ဆိုတဲ့ စီးရီး လုံးဝမရှိပါဘူး..။ Airbus လေယာဉ်တွေက A-3xx ဆိုပြီး စီးရီးလုပ်ထားပါတယ်..။ သိအောင်ပြောတာပါ..။ ပြီးတော့ ခုလေယာဉ်က A-330 ပါ..။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved