အာဆီယံနိုင်ငံတွေကြား စစ်အာဏာသိမ်းမှု ဘယ်သူ ဗိုလ်စွဲလဲ

Friday, May 23, 2014

ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်ပြီး ထိုင်း စာစောင် တခုက နှိုင်းယှဉ်ပြတဲ့ အာဆီယံနိုင်ငံတွေရဲ့စစ်တပ် က အာဏာသိမ်းမှု မှတ်တမ်းတခုပါ။ ထိုင်းနိုင်ငံကတော့ အခုဆို နှစ်ပေါင်း ၈၁ နှစ်အတွင်းမှာ စစ်အာဏာ သိမ်းဖြစ်စဉ်၁၈ ကြိမ် ရှိပါတယ်။


ဘရူးနိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှာတော့ တကြိမ်တခါမှ စစ်အာဏာ မသိမ်းခဲ့ဖူးပါဘူးတဲ့။ 

မြန်မာနိုင်ငံ မှာတော့ စစ်အာဏာ သိမ်းခဲ့တာ ၆ ကြိမ်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ ၆ ကြိမ် လို့ ဖော်ပြချက်ဟာ မှားယွင်းနေတယ်လို့ ထင်ပါတယ်။ 



၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံဟာ ၁၉၅၈ ခုနှစ်က တကြိမ်၊ ၁၉၆၂ ခုနှစ်က တကြိမ်၊ ၁၉၈၈ ခုနှစ်က တကြိမ်နဲ့ဆို စုစုပေါင်း ၃ ကြိမ်လို့သာ ရေတွက်လို့ရမယ်ထင်ပါတယ်။ 

တကယ်ဆို ၁၉၅၈ ခုနှစ်က ပါလီမန် အစိုးရဆီကနေ စစ်တပ်က အိမ်စောင့် အစိုးရအနေနဲ့ ၂ နှစ်တာ အာဏာယူခဲ့ပါတယ်။ 

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်ပြီး စစ်အာဏာသိမ်းခဲ့တာ ၁၉၇၄ ခုနှစ်ကျတော့ စစ်တပ်အကြီး အကဲ ဗိုလ်ချုပ်ကြီးနေဝင်း ကနေ ဦးနေဝင်းထံကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဝတ်စုံဝတ်ပြီး အာဏာလွှဲ
ပြောင်း ခဲ့တာပါဘဲ။ 

၁၉၇၄ ခုနှစ်က တိုင်းပြည်ကို မဆလ အရပ်သား အသွင်းပြောင်းအစိုးရနဲ့ အုပ်ချုပ်နေရင်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်လာချိန်မှာတော့ ဗိုလ်ချုပ်ကြီး စောမောင် ဦးစီးတဲ့ စစ်တပ်က အာဏာ သိမ်းခဲ့ပါတယ်။ 

တကယ်အာဏာသိမ်းတာ စစ်မစစ်ဆိုတာကတော့ အဲဒီတုန်းက မဆလ အစိုးရ ခေါင်းဆောင်တွေ ကို မဖမ်းဘဲ ထားခဲ့တာက သက်သေထူနေပါလိမ့်မယ်။



လင်းသန့် ~














4 comments :

  1. Anonymous said... :

    အကြိမ်အရေအတွက်မှာ မြန်မာက ဗိုလ်မစွဲပေမယ့် အချိန်ကာလမှာတော့ ဗိုလ်ပါပဲဗျာ။

  1. Anonymous said... :

    မြန်မာ အကြိမ်အများဆုံး မဟုတ်ပေမဲ့ တစ်ခါသိမ်းလိုက် ရင် ဆယ်စုနှစ် လောက်ကြာတယ်

  1. Anonymous said... :

    သူ့ငယ်ချင်းပြောတဲ့စကားကိုသိပ်မှန်တယ်

  1. Anonymous said... :

    ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်ပြီး စစ်တပ်ကအာဏာသိမ်းခဲ့တာ ၁ ကြိမ်ထဲပါ၊ ကျန်တာတွေက စစ်တပ်က စစ်တပ်ကိုအာဏာသိမ်းလွှဲပေးတာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved