မုန်တိုင်း အားပျော့သွားပြီ

Friday, May 23, 2014

 ~



  


ရခိုင်ကမ်းရိုးတန်းဘက်ကို ရွေ့လာနိုင်မလား ဆိုပြီး စိုးရိမ်တကြီး   စောင့်ကြည့်နေခဲ့ရတဲ့ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းအခြေအနေနဲ့ ပတ်သက်ပြီး   မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ဒီကနေ့ နေ့ခင်းပိုင်း ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။


မုန်တိုင်းသတင်း (STORM NEWS)
အ၀ါရောင်အဆင့်
နောက်ကြောင်းပြန်လှည့်ပြိး အားပျော့သွားခဲ့ပြီဖြစ်ပါတယ်။

BOB 02/2014/09
Dated: 23.05.2014
13:24 pm

အ၀ါရောင်အဆင့်စစ်စစ်သာဖြစ်ပါတယ်။
(၂၃-၅-၂၀၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့တဲ့ မုန်တိုင်းငယ်ဟာ လွန်ခဲ့တဲ့(၆)နာရီအတွင်းက အနောက်တောင် ဖက် (ကနဦးရွေ့လျှားရာနဲ့ဆန့်ကျင်ဖက်)ကို ဦးတည်ရွေ့လျှား လာခဲ့ပြီးနောက် လေဖိအားနည်း ရပ်ဝန်း အဖြစ် အားလျှော့လာခဲ့ပြီဖြစ်ပါတယ်။

ကပ္ပလီကျွန်းစုပတ်ဝန်းကျင်ရေပြင်ပေါ်တွင် တစ်နာရီ (၂၅-၃၀) မိုင်နှုန်းခန့်ရှိသော လေပြင်းများနဲ့အတူ တစ်ခါတစ်ရန် တစ်နာရီ ၃၅ မိုင်ခန့်အထိ ပြင်းထန်နှိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

မှတ်ချက်။ IMD(India) , JTWC (USA) တို့မှ ယခုသတင်းဟာနောက်ဆုံးသတင်း ထုတ်ပြန်ချက် ဖြစ်ပြီး။
 နောက်ထပ်မုန်တိုင်းသတင်းများ ထပ်မံ ထုတ်ပြန်တော့မည် မဟုတ်တော့ကြောင်း ကြေငြာသွားခဲ့ပြီဖြစ်ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved