မိုဘိုင်းဖုန်း သုံးနေသော ထိုင်းဆယ်ကျော်သက် တစ်ဦး (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ) |
ဒီစကားလုံးက ထိုင်းနိုင်ငံမှာ ရေပန်းစားနေတာ ကြာပါပြီ။ တနေ့က ထိုင်းအသိတယောက် သူ့သားက စမတ်ဖုန်းတလုံး လိုချင်လို့တဲ့။ မဝယ်ပေးနိုင်တော့ အမေကို အဲဒီ စကားလုံးနဲ့ ခွန်းတုန့်ပြန် လိုက်တာ ကြားလိုက်တယ်။
ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲထဲ ဝင်ပါမယ်ဆိုရင် တရက်ကို ထိုင်းဘတ် ၅၀၀ ဝန်းကျင် (မြန်မာကျပ် - တစ်သောင်းခွဲ ဝန်းကျင်) နေ့တွက် ကိုက်နေတော့ မိဘတွေကို လက်ဖြန့်စရာ မလိုဘူးလို့ လူငယ်တွေက ခံယူထားကြတယ်။
ဈေးကြီးတဲ့ ခေတ်ပေါ် စမတ်ဖုံးတွေကို အလိုကြီးလွန်းတဲ့ ထိုင်းဆယ်ကျော်သက် လူငယ်တော်တော် များများကတော့ ဒီနည်းနဲ့ဘဲ ဖြေရှင်းလာကြတယ်။ မိဘတွေ အတွက်တော့ ရတက်မအေးရရှာဘူး။
ထိုင်းနိုင်ငံမှာက ရှပ်နီအဖွဲ့နိုင်ရင် ရှပ်ဝါအဖွဲ့က ဆန္ဒပြ၊ အဝါရောင်တက်ရင် အနီက ဆန္ဒပြနဲ့ အပြိုင်ကြဲနိုင်တာက ဒီ ၂ ဖွဲ့ပဲ ရှိတာကိုး။ အခုလည်း အနီက ဝန်ကြီးချုပ် ရာထူးကနေ ဆင်းပေးရပြန်ပြီ။
ငြိမ်းဇော်
0 comments :
Post a Comment