ဝါရင့်သတင်းသမားကို တရုတ်အစိုးရ ထိန်းသိမ်း

Friday, May 9, 2014

~


 တရုတ်အာဏာပိုင်တွေက တီရန်မင်ရင်ပြင် လူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့်တော့မယ့်အချိန်မှာ အသက် ၇၀ အရွယ် အထင်ကရ စာနယ်ဇင်းသမားတယောက်ကို ထိန်းသိမ်းလိုက်ပါတယ်။
   


မတ်လက ပီကင်းမြို့တော် တီရန်မင်ရင်ပြင်မှာ ကင်းလှည့်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ (Photo: Reuters)
သူ့ကို ထိန်းသိမ်း တရားစွဲရတဲ့ အကြောင်းကတော့ နိုင်ငံတော်လျှို့ဝှက်ချက်ကို အင်တာနက်ထဲ ရောက်သွားအောင် ဆောင်ရွက်မှုကြောင့်ဖြစ်တယ်လို့ အစိုးရသတင်းဌာနက ကြာသပတေးနေ့မှာ ပြောလိုက်တာပါ။

Gao Yu ကို ပီကင်းမြို့တော်က သူ့နေအိမ်မှာ ဧပြီ ၂၄ ရက်နေ့က ထိန်းသိမ်းလိုက်တာ လို့ သိရပါတယ်။

အစိုးရရုပ်သံ CCTV ထုတ်လွှင့်ချက်မှာတော့ သူ့ကို အကျဉ်းသားဝတ်စုံနဲ့ တွေ့ရပြီး လုံခြုံရေးဝန်ထမ်း ၂ ဦးက တွဲခေါ်သွားတာ တွေ့ရပါတယ်။

အစိုးရကို ဝေဖန်ထောက်ပြတဲ့ Gao Yu က ၁၉၈၉  တီရန်မင်ရင်ပြင် လူထုလှုပ်ရှားမှု နှိမ်နင်းခံရချိန်မှာ အထိန်းသိမ်းခံရဖူးတယ်လို့ သိရပါတယ်။

မူရင်းသတင်း

 http://www.irrawaddy.org/asia/china-detains-veteran-journalist-state-secrets.html

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved