မိုးရွာမှ ရေ အဝ ချိုးရသူများ

Sunday, May 18, 2014

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နဲ့ အတော်ဝေးသေးတဲ့ ပဒါရွာလို့ ခေါ်တဲ့ ချင်း ရွာလေးပါ။ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပါတယ်။ 


တပေါင်း၊ တန်ခူး လကျော်လာရင်တော့ ဒီရွာမှာ ရေရှားပါးတဲ့ဒဏ်ကို ကြုံတွေ့နေကြပါ။ တရွာလုံးမှာ
ရေတွင်း ၈ တွင်းရှိတယ် ဆိုပေမယ့် နွေရာသီရောက်တိုင်း တွင်းရေတွေ ခမ်းကုန်တာပါ။ 


ရေတွင်းတွေ မကဘူး ချောင်းရေပါ ခမ်းခြောက်သွားတာပါ။ သက်ဆိုင်ရာတွေက ဘယ်လိုအကူအညီမျိုး
တွေ ပေးတာရှိလဲ မေးကြည့်တော့ … 

ရွာသားတဦးဖြစ်တဲ့ ကိုမောင်လေးက "အစိုးရက ရွာကြီးတွေကိုတောင် မရောက်တာ။ ကျတော်တို့ ဒီရွာ ကတော့ မျှော်မနေပါဘူး။ ဒီလိုဘဲ တွင်းရေက ထွက်သလောက်ရေနဲ့ပဲ မျှ သုံးကြတယ်။ မနေ့က မိုးရွာလို့ ကျတော်တို့ ရွာသားတွေ ရေအဝချိုးရတာ" တဲ့။

 ကဲ... ပဒါရွာ ဆိုတာ ဒီဓာတ်ပုံတွေ က ဖော်ကျူးထားပါတယ်။ 







  ငြိမ်းဇော် ~














3 comments :

  1. Chris May said... :

    တို့ ရဲ့ မွေးရပ်မြေရခိုင်ပြည်နယ်ကအရှိုချင်းရွာလေးပါ.....နွေရာသီမှာရေ ရှားတာကတော့ ကိုယ်တိုင်သွားမှ ကြုံဖူးမယ်....သောက်ရေ သုံးရေမလုံလောက်လို့  ရွာသူရွာသားများစိတ်ညစ်ရတဲ့ အချိန်ဟာ...နွေရာသီပါ.....

  1. ရေသိုလှောင်တဲ့ စနစ်ကလေးတစ်ခုရှိရင်ကောင်းမယ် အကုန်အကျ မများလောက်ဘူးလို့ထင်တယ်။

  1. Chris May said... :

    လူဦးရေ ၈၀၀ နီးပါးရှိတဲ့ ဒီတောရွာလေးမှာ နွေရာသီမှာ ရေတွင်း ၂ တွင်းလောက်ဘဲရေ ရှိတယ်ဆိုတော့ ရွာသူရွာသားတွေအနေနဲ့ ဘာဆက်လုပ်ရင်ကောင်းမလဲ...ဘယ်လိုအကြံဥာဏ်တွေ။အကူအညီတွေယူမလဲ......ဘယ်သူတွေမှာတာဝန်ရှိသလဲ.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved