နေဝင်ချိန် ဘဝ ကံ ခေကြသူများ

Wednesday, May 28, 2014

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တောင်ဘက်မှာ ဒီနေ့ ဗုဒ္ဓဟူးနေ့ မနက်စောစောပိုင်းက ဆေးရုံတခု မီးလောင်လို့ လူ ၂၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရသွားပါတယ်။ သေဆုံးသွားကြသူတွေအားလုံးနီးပါး က သက်ကြီးရွယ်အိုလူမမာတွေဖြစ်ကြပါတယ်။

 မီးလောင်သည့် ဆေးရုံမြင်ကွင်းတခု၊ RT.com

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တောင်ဘက်က Jangseong county မှာ ရှိတဲ့ မီးလောင်တဲ့ ဆေးရုံမှာ 
ဆေးကုသခံယူနေကြသူတွေက အနည်းဆုံး သက် ၇ဝ၊ ၈ဝ အရွယ် သက်ကြီးရွယ်အို တွေဖြစ်ပါတယ်။ 

မီးသတ်သမားတွေလည်း မီးလောင်မှုကို အမြန်ဆုံး ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပေမယ့် ကုတင်ပေါ်ကနေ ထ မပြေးနိုင်တဲ့ သက်ကြီးရွယ်အို လူနာတွေလည်း ရှိတယ်လို့ ရိုက်တာသတင်းတပုဒ်က ဆိုပါတယ်။

သေဆုံးသွားသူတွေထဲမှာ မီးလောင်ချိန်မှာတုန်းက တာဝန်ကျနေတဲ့ သူနာပြု တဦးလည်း ပါဝင်ပါတယ်။ 
ဘဝနေဝင်ချိန်ကျမှ တောင်ကိုရီးယား အဘိုးအို၊ အဖွားအိုတို့ရဲ့ ကံခေမှုသတင်းတပုဒ်ပါ။ 


အိမ့်သံစဉ် ~ 

 

 ဧရာဝတီ Facebook / ဧရာဝတီ Twitter













1 comments :

  1. Anonymous said... :

    သနားပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved