ထိုင်းအာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ပြောဆိုချက်

Thursday, May 22, 2014

-


 -
 အာဏာသိမ်းတယ်လို့ ထိုင်းစစ်တပ်က ကြေညာလိုက်ပါပြီ။
ထိုင်းအာဏာသိမ်းမှုကို  အာဆီယံဥက္ကဋ္ဌ မြန်မာအစိုးရ ကန့်ကွက်ရန် ရှိပါသလား။
ဘာပြောချင်ပါသလဲ။

ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာမှာတော့ မြန်မာအစိုးရရဲ့ ပြောဆိုချက်အကြောင်း သတင်းတပုဒ် ရှိနေပါတယ်။
Burma’s Govt Comments on Thai Military Coup ဆိုတဲ့ သတင်းပါ။
လင့်က  - http://www.irrawaddy.org/burma/burmas-govt-comments-thai-military-coup.html

သတင်းကို အကျဉ်းချုပ် ပြန်ရေးပြရရင်...

သမ္မတရဲ့ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်က... ထိုင်းနိုင်ငံမှာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားထဲမှာ တိုင်ပင်ဆွေးနွေးပြီးမှပဲ  ကျနော်တို့ပြောနိုင်မှာပါလို့ ဧရာဝတီသတင်းဌာနကို ရှင်းပြပါတယ်။

  ထိုင်းနိုင်ငံရဲ့ အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ တရားဥပဒေစိုးမိုးမှုနဲ့အညီ ဆောင်ရွက်ဖို့ မကြာသေးခင်ကပြီးစီးသွားတဲ့  ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးက တိုက်တွန်းထားတာပါတယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းမှုကာလအတွင်း ထိုင်းမီဒီယာရဲ့ အခြေအနေကလည်း စိုးရိမ်ပူပန်စရာ မလိုဘူးလို့ ဦးရဲထွဋ်က ယူဆနေပါတယ်။

အပေါ်ပုံ - ဒီကနေ့ ဘန်ကောက်မြို့လယ်ပိုင်း Army Club မှာ ကြည်းတပ်ဦးစီးချုပ်နဲ့ နိုင်ငံရေးသမားတွေ ဆွေးနွေးနေချိန် စောင့်ကြပ်နေတဲ့ စစ်သားများ (Photo: Reuters)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved