အဆုံးမသတ်နိုင်သေးတဲ့ ကြေညာချက် တိုက်ပွဲ

Sunday, May 11, 2014

အဆုံးမသတ်နိုင်သေးတဲ့ ဆုပန်ထွာ၊ ကိုဥက္ကာကျော်၊ မ မဉ္စူအောင်တို့ရဲ့ ကြေးမုံသတင်းစာနဲ့ အွန်လိုင်းပေါ် က တိုက်ပွဲမှာ အခုနောက်ဆုံး ကိုဥက္ကာကျော်ကတော့ သူ့ဖေ့စ်ဘုတ်စာမျက်နှာကို ပိတ်သိမ်းသွားပါပြီ။ ဒါဟာ အိမ်ထောင်ရေးကိစ္စနဲ့ ဆက်စပ်ပြီး အဆိုတော်မီးမီးခဲရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ပိတ်သိမ်းပြီး ဒုတိယ မြောက်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

 ပိတ်သိမ်းသွားတဲ့ ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ

ဧပြီလ ၉ ရက်နေ့က ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ကြောင်းလမ်းကို ကိုဥက္ကာကျော်က ဓာတ်ပုံ
တွေ နဲ့ တကွ သူ့ ဖေ့စ်ဘုတ်မှာ ဖော်ပြပြီး ကိုဥက္ကာကျော်နဲ့ တရားဝင်ကွာရှင်းထားခြင်းမရှိသေးဘူးဆိုတဲ့ မမဉ္စူအောင် က ကြေးမုံသတင်းစာမှာ စေ့စပ်ကြောင်းလမ်းကို ကန့်ကွက်ကြောင်း ကြေညာချက်ထည့်ပါ တယ်။ 

အဲဒီနောက် ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်ကတဆင့် ပထမ ရှင်းလင်းချက် ထုတ်ပြန်ပါတယ်။ 

နောက်တော့ ကိုဥက္ကာကျော်ရဲ့ ရှေ့နေတွေကတဆင့် ကြေးမုံသတင်းစာမှာ မမဉ္စူအောင်ရဲ့ ကန့်ကွက်
ကြောင်း ကြေညာချက်ကို ရှင်းလင်းချက် ထည့်သွင်းကြေညာပါတယ်။ 

ဆုပန်ထွာကလည်း စေ့စပ်ကြောင်း ကန့်ကွက်မှုကို သူ့ ဖေ့စ်ဘုတ်ကနေ တဆင့် တုံ့ပြန်လိုက်ပါသေးတယ်။ 

အဲဒီကနေ တဆင့် ဆုပန်ထွာရဲ့ညွှန်ကြားချက်အရ သူ့ရှေ့နေတွေကလည်း ကြေးမုံသတင်းစာမှာ အများ သိစေ ရန် သတိပေး ကြေညာချက် ထည့်သွင်းဖော်ပြခဲ့ပါတယ်။ 

အဲဒီနောက် မမဉ္စူအောင်ကလည်း ကြေးမုံသတင်းစာမှာ ခင်ပွန်းသည်ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို ကန့်ကွက် တဲ့ နောက်ဆက်တွဲ ကြေညာချက် ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။ 


အိမ့်သံစဉ် ~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved