နှုတ်ခမ်းမွှေးလေဒီရဲ့ Eurovision Song Contest က အောင်ပွဲ

Sunday, May 11, 2014

နှုတ်ခမ်းမွှေးလေဒီ ရဲ့ Eurovision Song Contest ခေါ် ဥရောပတိုက်တခွင်က ပါရမီရှင်တွေရဲ့ သီချင်း သီဆိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပြိုင်ပွဲမှာ အောင်မြင်မှုရလိုက်တဲ့ သတင်းက အခု အွန်လိုင်းမှာ နေရာ အတော်ယူထားပါတယ်။ 

 နှုတ်ခမ်းမွှေး လေဒီ ပြိုင်ပွဲဝင်နေစဉ်၊ ဓာတ်ပုံ- ရာဟူး

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မှာကျင်းပတဲ့ ၂ဝ၁၄ ခုနှစ် Eurovision Song Contest မှာ နုတ်ခမ်းမွှေးလေဒီ ဟာ အမှတ် ၂၉ဝ နဲ့ မနေ့က အောင်ပွဲဆင်ခဲ့ပါပြီ။ အမျိုးသား တဦးဖြစ်ပြီး နုတ်ခမ်းမွှေးတွေနဲ့ အမျိုးသမီး တဦးလို ဝတ်ဆင်ပြီး သီဆိုဖျော် ဖြေခဲ့တာကြောင့် သူ့ရဲ့ ယှဉ် ပြိုင်မှုက လုံးဝ ယှဉ်ဘက်မရှိအောင် ထူးခြား လှတဲ့ တင်ဆက်ဖျော်ဖြေမှုလည်း ဖြစ်ပါတယ်။ သူ ဘာကြောင့် အမျိုးသမီးလို ဝတ်ဆင်လဲ ဆိုတာ သူပြော တဲ့ စကားတွေက သက်သေထူပါတယ်။



နှုတ်ခမ်းမွှေးလေဒီ ဆိုတာက သြစတြီးယားနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သူ အဆိုတော် Conchita Wurst ကိုခေါ်တာပါ။ 

သူက အသက် ၂၅ နှစ်ရှိပြီး သူ့ကို Drag Queen Tom Neuwirth လို့လည်း ခေါ်ဆိုကြတယ်။ တွန်နျူဝသ် ဟာ အမေရိကန် Idol လို သြစတြီးယန်း ပါရမီရှင် Starmania ရဲ့ 2007 runner-up လည်းဖြစ်ပြီး ၂ဝ၁၁ ခုနှစ် က Die große Chance ဆိုတဲ့ တီဗွီမှာ ပါရမီရှင်ပြိုင်ပွဲ တခုမှာလည်း ဒုတိယနေရာ ရခဲ့သူပါ။ 


Eurovision Song Contest ဆိုတာကလည်း ၁၉၅၆ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပလာတဲ့ ကမ္ဘာ့ကုလ သမဂ္ဂရဲ့ ပါရမီရှင် ရွေးချယ်ပြိုင်ပွဲကြီးရဲ့ အစိတ်အပိုင်း တခုလည်းဖြစ်ပြီး ကမ္ဘာပေါ်မှာ ကြည့်ရှုသူ သန်း ၁ ရာကျော်ရှိကာ ပရိသတ်အများဆုံး အားပေးခံရတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ 

နှုတ်ခမ်းမွှေးလေဒီရဲ့ Eurovision Song Contest ရဲ့ နောက်ဆုံး အဆင့်ပြိုင်ပွဲဝင် သီဆိုဖျော်ဖြေမှုကိုလည်း Eurovision Song Contest ရဲ့ယူကျုမှာ အခုလို ဖော်ပြထားပါတယ်။

  



အိမ့်သံစဉ် ~








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved