ထိုင်း စစ်တပ် မာရှယ်လော ထုတ်ပြန်လိုက်ပြီ

Tuesday, May 20, 2014

  တင်းမာမှုတွေ ဆက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံရေးကို တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် ပြည်တွင်း လုံခြုံရေး အက်ဥပဒေအရ ပထမ အမိန့်ထုတ်ပြန်မှုအနေနဲ့ ထိုင်းစစ်တပ်က  မာရှယ်လော ဥပဒေကို ထုတ်ပြန်လိုက်ပါပြီ။ 


 ဓာတ်ပုံ- ဘန်ကောက်ပို့စ်

အမိန့်အရ Peace-Keeping Command Centre (PKCC)လို့ ခေါ်တဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီကို ဖွဲ့စည်းလိုက်ပြီး အဆိုပါ အမိန့် ကြေညာတဲ့ အချိန်ကစပြီး အမိန့်နဲ့လုပ်ပိုင်ခွင့်တွေဟာ စတင် အသက်ဝင်တယ် လို့ ပြောသွားပါတယ်။ 



ဒုတိယ အမိန့်ထုတ်ပြန်မှုအနေနဲ့ တဆက်တည်း ဒါက စစ်တပ်က အာဏာသိမ်း တာ မဟုတ်ဘဲ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရှိစေရေး စစ်တပ်အနေနဲ့ ကြားဝင် ထိန်းသိမ်းတာဖြစ်တယ်လို့ စစ်ဦးစီးချုပ် Gen Prayuth က ပြောတာကို ထိုင်း ရုပ်သံတွေက ကြေညာပါတယ်။

ရုပ်သံဌာနတွေကို စစ်သားတွေ ၀င်ရောက်သွားပြီး အဲဒီ ကြေညာချက် ထုတ်လွှင့်ခိုင်းတာပါ။


Peace-Keeping Command Centre (PKCC) ရဲ့ အမိန့်နဲ့ တနိုင်ငံလုံး လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရှိစေရေး ချက်ချင်း နေရာယူထားဖို့လည်း တဆက်တည်း အမိန့်ထုတ်ပြန် ပါတယ်။ 

ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်း Thailand’s Army Declares Martial Law, Denies Coup
http://www.irrawaddy.org/asia/thailands-army-declares-martial-law-denies-coup.html မှာ အသေးစိတ် ဖတ်နိုင်ပါတယ်။


အိမ့်သံစဉ် ~ 






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved