ထိုင်းမှာ ညမထွက်ရအမိန့် ဖြေလျှော့

Tuesday, May 27, 2014

ထိုင်း နိုင်ငံရဲ့ အာဏာသိမ်း စစ်ကောင်စီက  မေလ ၂၈ ရက်နေ့က စတင်ပြီး ညမထွက်ရ အမိန့် ကို ဖြေလျှော့လိုက်တယ်လို့ ကြေညာပါတယ်။ 


 ချင်းမိုင်မြို့ ကျုံအနီး ချန်ဖာ့ခ် မုတ်အနီး ယမန်နေ့က စစ်တပ်က လုံခြုံရေးအပြည့်ယူထားစဉ်၊ 
ဓာတ်ပုံ- လင်းသန့်/ဧရာဝတီ

အမိန့်အရ မေလ ၂၇ ရက်နေ့ည ၁၂ နာရီကျော်၊ မေလ ၂၈ ရက်နေ့ စတင်ဝင်ချိန်က နေ မနက် ၄ နာရီထိ ညမထွက်ရအမိန့် ပထမဆုံးနေ့အဖြစ် စတင် အကျုံးဝင်မှာဖြစ်ပါတယ်။

အခုလို ဖြေလျှော့လိုက်တဲ့ အမိန့်အရ ထိုင်းနိုင်ငံတဝန်း ည ၁၂ နာရီကနေ နံနက် ၄ နာရီထိသာ ည မထွက် ရပါဘူး။ 

မေလ ၂၂ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နေ့က ထုတ်ပြန်ထားခဲ့တဲ့ ညမထွက်ရ အမိန့်ကတော့ ည ၁ဝ နာရီကနေ မနက် ၅ နာရီထိ ဖြစ်ပါတယ်။  

ထိုင်း စီးပွားရေးလုပ်ငန်းရှင်တွေက ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် ထိုင်း စီးပွားရေးမှာ ထိခိုက်မှုတွေအများကြီးရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီကို ပြောဆိုထားခဲ့ကြပါတယ်။

အခုလို ညမထွက်ရ အမိန့်ကို ဖြေလျှော့ ပေးလိုက်တဲ့ အတွက် ည ကလပ်တွေနဲ့ ညပိုင်း စီးပွားရှာရတဲ့ ထိုင်း အခြေခံ လူတန်းစားတွေနဲ့ ထိုင်းစီးပွားရေးသမားတွေလည်း အသက်ရှုချောင်သွားစေတာဖြစ်ပါတယ်။ 

ဒါပေမယ့် နိုင်ငံရေးအရ လူ ၅ ဦးထက် ပိုမစုရဆိုတဲ့ အမိန့်ကိုတော့ အခုထိ ဖြေလျှော့မပေးသေးပါဘူး။ 


အိမ့်သံစဉ် ~ 

 ဧရာဝတီ Facebook / ဧရာဝတီ Twitter






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved