မစ္စယင်လတ်နဲ့ ပါတီခေါင်းဆောင်တချို့ ထိုင်းစစ်တပ်က ထိန်းသိမ်းထား

Saturday, May 24, 2014

.


ထိုင်းနိုင်ငံရဲ့ အာဏာသိမ်း စစ်ကောင်စီက အရင် ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ်နဲ့ ဖုယာ့ထိုင်း ပါတီ

ခေါင်းဆောင်တချို့ကို နိုင်ငံ ပြင်ပထွက်ခွာခွင့်ကို ပိတ်ပင်လိုက်ပြီး ဆုရာဘူရီခရိုင် အာဒီဆွန်း စခန်းမှာ ထိန်းသိမ်း ထားလိုက် ပါပြီ။




ဘန်ကောက်ကို ပြန်ရောက်နေပြီး  နုတ်ထွက်ပေးလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ်ဟာ အာဏာသိမ်း စစ်ကောင်စီကို သတင်းပို့ အမိန့်ထုတ်ထားပြီး ပျက်ကွက်ရင် ဖမ်းဝရမ်းထုတ်မယ်ဆိုတဲ့ သတိပေးချက်ကြောင့် သတင်းပို့အပြီး မကြာမီမှာ အခုလို သူနဲ့ တာဝန်ရှိသူ ခေါင်းဆောင်တချို့ကို ထိုင်းစစ်တပ်က ထိန်း သိမ်းထား လိုက်တာဖြစ်တယ်လို့ ယုံကြည်ရကြောင်း ထိုင်း သတင်းတွေနဲ့ နိုင်ငံတကာ သတင်းတချို့က ရေးပါတယ်။ 




 မစ္စယင်လတ်နဲ့ ခေါင်းဆောင်တချို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သတင်း

တချို့ ထိုင်းသတင်း တွေရဲ့ ဖော်ပြချက်မှာတော့ ထိုင်းနိုင်ငံရေးမှာ ပါတီ အဖွဲ့အစည်း အသီးသီးက အဓိက ဦးဆောင်သူ စုစုပေါင်း ၁၅ဝ ကျော်ကို ထိုင်း စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတယ် လို့ ဖော်ပြထားကြပါတယ်။

 သက်ဆင်နဲ့ ဆွေမျိုးများရဲ့ ချင်းမိုင်က နေအိမ်တွေကို ထိုင်းစစ်တပ်သွားရောက် စီးနင်းတဲ့သတင်းဖော်ပြချက်

 ဒီအပြင် ချင်းမိုင်မှာ ရှိတဲ့ မစ္စယင်လတ်ရဲ့ အကိုတော်စပ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ အိမ်နဲ့ သူ့ ဆွေမျိုး ရင်းချာအိမ်တွေ၊ ဖုယာ့ထိုင်း ပါတီထိပ်တန်းခေါင်းဆောင်တချို့ရဲ့ နေအိမ်တွေကိုလည်း ထိုင်းစစ်တပ် က ဝင်ရောက်ရှာဖွေမှုတွေနဲ့ ထိန်းသိမ်းမှုတွေ လုပ်ခဲ့ပါတယ်လို့ ထိုင်းသတင်းတခုက ဆိုထားပါတယ်။ 

မေလ ၂၃ ရက်နေ့က ထိုင်းစစ်သား ၂ဝ ကျော်နဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ မဲ့ရင် အရပ်က Green Valley လို့ ခေါ်တဲ့ လူချမ်းသာတွေ အများစု နေထိုင်တဲ့ အိမ်ယာဝန်းထဲက သက်ဆင်နဲ့ ဖုယာ့ထိုင်းပါတီ ထိပ်တန်းခေါင်းဆောင်တချို့ရဲ့ အိမ်တွေကို ဝင်ရောက်စီးနင်းက ရှာဖွေမှုတွေ လုပ်ခဲ့တဲ့ အကြောင်း ထိုင်း သတင်းတခုကရေးပါတယ်။ 


အိမ့်သံစဉ် ~ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved