အစိုးရနဲ့ NCCT အကြား အပစ်ရပ် ဒုတိယ မူကြမ်း သဘောတူ

Friday, May 23, 2014

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့  အပစ်အခတ်ရပ်စဲရေး ပြောဆိုနေကြတာ ကြာပါပြီ။ တွေ့လိုက်၊ ပြောလိုက်၊ ညှိလိုက်၊ နှိုင်းလိုက်နဲ့ 
သေနတ်သံတွေ မဆိတ်သုဉ်းသေးပေမယ့် အခု တခါ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဒုတိယ မူကြမ်းကို သဘောတူလိုက်တဲ့ အကြောင်း ပူးတွဲ ကြေညာချက် တစောင် ဒီကနေ့ ထုတ်ပြန် လာပါတယ်။ ဧပြီလဆန်းကတော့ တနိုင်ငံလုံး အတိုင်း အတာ အပစ်ရပ်ရေး ပထမ မူကြမ်းကို သဘောတူ ခဲ့ကြပါတယ်။

 ဧပြီလ ၈ ရက်နေ့က အပစ်အခတ်ရပ်စဲရေး ပထမ မူကြမ်း သဘောတူခဲ့အပြီး  မှတ်တမ်း၊ 
ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ


" ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက် " 

၂၀၁၄၊ မေလ (၂၃)ရက် 

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့မှ ဒုတိယအဖွဲ့ ခေါင်းဆောင်(၁) ပဒို
စောကွယ်ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေး အတွက် သဘောတူ စာချုပ်မူကြမ်း (Single Text Draft) ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၄ခုနှစ်
မေလ (၂၁)ရက်နေ့မှ(၂၃) ရက်နေ့ထိ ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ၌ ၃ ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ 

၂။ နှစ်ဘက်ကိုယ်စားလှယ်များသည်၂၀၁၄ခုနှစ်၊ဧပြီလ(၅)ရက်နေ့မှ(၈)ရက်နေ့အထိ ပြုလုပ်ခဲ့ သည့် 
တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့သည့် ပထမမူကြမ်း (Single Text Draft)ပါ အခန်း(၇)ခန်းမှ ထပ်မံဆွေးနွေး ညှိနှိုင်းရမည့်အချက်များကိုရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီးနောက် နှစ်ဘက် သဘော တူညီချက်များရရှိကာ ဒုတိယမူကြမ်းကို အတည်ပြု နိုင်ခဲ့သဖြင့် တိုးတက်မှုများ ရရှိခဲ့ပါသည်။ 

၃။ နောက်တစ်ကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာနိုင်ငံ
 ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)၌ ထပ်မံတွေ့ဆုံညှိနှိုင်း ကြရန် သဘောတူကြ ပါသည်။ 

၎။ နှစ်ဘက်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ရေးအတွက် သဘောတူ စာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရန်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်နိုင်ရန် ဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။ 







အိမ့်သံစဉ် ~ 

 



 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved