မင်းသမီး ဖြစ်ချင်တဲ့ မော်ဒယ်စုစန္ဒီဖြိုး

Friday, May 9, 2014






 
~




အခု မော်ဒယ်လ်လုပ်နေပေမယ့် ညီမ အနာဂတ် အိပ်မက်စိတ်ကူးကတော့ ငယ်ငယ်ကတည်းက ဖြစ်ချင် တာကတော့ မင်းသမီးဖြစ်ချင်တာ။


 .
(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

ငယ်ငယ်တုန်း က ညီမတို့က နယ်မှာနေတော့ နယ်မှာ ဦးဇော်ဝမ်းတို့ ဇာတ်ကတာတို့ ဘာတို့ရှိတယ်။  အဲဒီမှာ ညီမကို မြင် တော့ “သမီးက အသားညိုတော့ မင်းသမီးဖြစ်နိုင်တယ်” ဆိုပြီး ညီမကိုပြောတယ်။

“သမီးတို့က နယ်မှာနေတာ ဆိုတော့ ရန်ကုန်နဲ့ အဝေးကြီးလေ။  ကချင်ပြည်နယ် မိုးညှင်း ဆိုတော့ ရန်ကုန်နဲ့လည်း ရထားတတန်၊ ကားတတန်နဲ့ ၂ ဆင့်လောက် လာရတာဆိုတော့ မဖြစ်နိုင်ပါဘူး” လို့ ညီမ ပြောခဲ့တယ်။

  ဒါပေမယ့်လည်း အခု အကြောင်း အမျိုးမျိုးကြောင့်  ရန်ကုန်ကို ရောက်လာတယ်။  ပြီးတော့ မော်ဒယ်လ် စလုပ်တယ်။  အခုတော့ သရုပ် ဆောင် လိုင်းဘက်ကို ပြောင်းဖို့ စိတ်ကူးနေတယ်။  အဓိက အိပ်မက်က မင်းသမီးဖြစ်ချင်တယ်။

စုစန္ဒီဖြိုး
၂၁ နှစ်
BA (Eng)
ဒဂုံတက္ကသိုလ်


တခြား ရည်မှန်းချက်ကတော့ လေယာဉ်မယ်ဖြစ်ချင်တယ်။  လေယာဉ်မယ်လည်း တခေါက် ဖြေဖူးတယ်။  အဆင့် (၅) ဆင့် ဖြေရတဲ့အထဲမှာ ညီမ နောက်ဆုံးအဆင့် ထိပါဖူးတယ်။  ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။
အခု ကျတော့ အကြောင်းအမျိုးမျိုးကြောင့် မဖြေဖြစ်တော့ဘူး။
  ဖြစ်ချင်တယ်ဆိုပေမယ့် ကိုယ်က အခု အနုပညာ အလုပ် လုပ်နေတာ ၂ နှစ်လောက်ရှိပြီ။
 နောက်တခု ပြန်လုပ်ဖို့ဆိုရင် တစ်ကနေပြန်စရမှာဆိုတော့ လက်ရှိ လုပ်နေတဲ့ အနုပညာအလုပ်ကို ညီမ အောင်မြင် အောင် ကြိုးစားကြည့်ချင်တယ်။

အခုလက်ရှိမှာ ညီမ တီချယ်မိုး (တင်မိုးလွင်) Talents & Models Agency  က လုပ်တဲ့ ရှိုးပွဲတွေ လျှောက်နေပါတယ်။  ပြီးတော့ ညီမ သရုပ်ဆောင် ကိုပိုင်ဇေရဲထွန်းနဲ့ ဇာတ်လမ်း ရိုက်ထားတာလေး ရှိပါတယ်။

MTV တွေမှာလည်း ငါးပုဒ်လောက် ရိုက်ထားတယ်။  လက်ရှိ  Laure Art  အနုပညာ သင်တန်းကျောင်းမှာ သရုပ်ဆောင်သင်တန်း တက် နေပါတယ်။

အားတဲ့ အချိန်တွေမှာ ညီမ စိတ်ဖိစီးမှု တွေရှိရင် သီချင်း နားထောင်တယ်။
Pop နဲ့ R&B သီချင်းအမျိုးအစားကို နားထောင်ရတာကြိုက်တယ်။  အခုတလောတော့ မနီနီခင်ဇော်ရဲ့ သီချင်းလေးတွေ နားထောင်နေဖြစ်တယ်။
  လတ်တလော နားထောင် ထားတဲ့သီချင်းကို ပြောပါဆိုရင်တော့ နီနီခင်ဇော်နဲ့ နိုင်းဝမ်းဆိုထားတဲ့ “အရောင်မဆိုးနဲ့” ဆိုတဲ့ သီချင်း ပါ။
အခုတလော အဲဒီသီချင်းကို အရမ်းကြိုက်နေတယ်။

နိုင်ငံတကာသီချင်းထဲမှာတော့ ညီမက K-Pop music  ကို ကြိုက်တယ်။
 K-Pop အဆိုတော်တွေ ထဲမှာ 2 NE 1 နဲ့  Girl Generation ဆိုတဲ့  Gril Band အဖွဲ့ နှစ်ဖွဲ့ကို ကြိုက်တယ်။  သူတို့သီချင်းလေး တွေ နားထောင်ဖြစ်တယ်။
သူတို့ရဲ့ အကလေးတွေနဲ့ သူတို့ဝတ်တဲ့ ဖက်ရှင်လေးတွေကို ညီမသဘောကျ ပါတယ်။   ရုပ်ရှင်ဇာတ်ကားတွေထဲမှာ  ညီမက သည်းထိတ်ရင်ဖို ဇာတ်ကားမျိုးတွေ ကြည့်ရတာ ကြိုက်တယ်။
စိတ္တဇဆန်ဆန် လူသတ်ကားမျိုးတွေ လည်းကြိုက်တယ်။  သရုပ်ဆောင်တွေထဲမှာ သဘော အကျဆုံးကတော့ ထွန်းအိန္ဒြာဗိုပါ။  သူ သရုပ်ဆောင် တာကို ငယ်ငယ်ကတည်းက အခုထိ အရမ်းကြိုက်ပါ တယ်။

အားကစားအနေနဲ့ ညီမ အိုလံပစ်တာဝါမှာ Exercise လုပ်ဖြစ်တယ်။  အေရိုးဘစ်အားကစားပေါ့။  ညီမ အေရိုးဘစ်ကို ငါးတန်းလောက်ကတည်းက စကစားဖြစ်တာပါ။  ငယ်ငယ်တုန်းက အေရိုးဘစ် ပြိုင်ပွဲတွေလည်း ဝင်ပြိုင်တယ်။
အေရိုးဘစ်လုပ်ရတဲ့ ရည်ရွယ်ချက်က အမောခံနိုင်ဖို့၊ နောက်တခုက ညီမ အနုပညာအလုပ်လည်း လုပ်နေတာဆိုတော့ ခန္ဓာ ကိုယ်  လှပကြော့ရှင်းဖို့ပေါ့။

 စာအုပ်ဖတ်တဲ့အခါ စိတ်ပြေလက်ပျောက်ဖြစ်အောင် ကာတွန်းလေးတွေ၊ ဟာသလေးတွေ ဖတ်ဖြစ်တယ်။  ဖက်ရှင်၊ အလှအပနဲ့ ပတ်သက်တဲ့ မဂ္ဂဇင်းတွေလည်း ဖတ်တယ်။
 ပြီးတော့ ကိုယ့်အတွက် ဗဟုသုတရမယ့် သုတရသစာပေတွေ လည်း ဖတ်ဖြစ်တယ်။  အခုလတ်တလော ဆရာ ချစ်ဦးညိုရဲ့ စာအုပ်တွေဖတ်ဖြစ်နေတယ်။

အင်တာ နက်သုံးတဲ့အခါ ညီမက ဖက်ရှင်နဲ့ပတ်သက်ပြီးတော့ Page  လေးတွေ ကြည့်ဖြစ်တယ်။  ပြီးတော့ ညီမက ကိုးရီးယား  Girl Band အဆိုတော်အဖွဲ့ 2 NE 1 ကိုကြိုက်တော့ သူတို့ဝတ်တဲ့ဖက်ရှင်လေးတွေ လိုက် ကြည့်တယ်။
 ပြီးရင်  Miss Universe  ပြိုင်ပွဲတွေ ဘာတွေကို ဝက်ဘ်ဆိုက်တွေကနေ ရှာကြည့်တယ်။


ခေတ်တိုင်းခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေနဲ့ နောင်တချိန်မှာ လူကြီး ဖြစ်ဖို့ အားယူနေကြတဲ့သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက် အကျတွေ တပါတည်း ပါလာတတ်စမြဲဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ်ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကိုလေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
The Irrawaddy ဂျာနယ်မှာ ဖော်ပြထားပြီးသားပါ။ ဂျာနယ်တွေကို http://burma.irrawaddy.org/journals မှာ PDF ဖိုင်အနေနဲ့ ရယူ ဖတ်ရှုနိုင်ပါတယ်။













.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved