ကျောင်းဖွင့်ချိန်အတွက် လိုအပ်တာတွေ

Monday, May 26, 2014

 ~



ဇွန် ကျောင်းဖွင့်ချိန်ကို ရောက်ရှိလာပါတော့မယ်။

 မန္တလေးနဲ့ ရန်ကုန်တို့လို မြို့ကြီးတွေမှာတော့ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ရွာချလိုက်တဲ့မိုးရေတွေကြောင့် နွေအပူဒဏ်တွေလည်း အတော်လေးကို လျော့နည်းသွားပါပြီ။

 ~
 
ကျပ် ၂,၂၅ဝ

 ~
ဒီအချိန်မှာရွာတဲ့မိုးစက်တွေက သိပ်မကြာခင် မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် မကြာခင် ကျောင်းတွေဖွင့်တော့မယ်ဆိုတာကို အသိပေး ကြိုဆိုလိုက်သလိုပါပဲ။

ကျောင်းဖွင့်ချိန်ရောက်တော့မယ်ဆိုရင် ကျောင်းသား၊ ကျောင်းသူတွေရဲ့ မေမေဖေဖေတွေလည်း ကိုယ်စီ ကိုယ်စီ အလုပ်ရှုပ်၊ ပိုက်ဆံကုန်ရမယ့် အချိန်တခုဖြစ်သလို သားသားမီးမီးတို့အတွက်လည်း ကျောင်းသုံး ပစ္စည်းအသစ
်အဆန်းလေးတွေ ပူဆာလို့ကောင်းတဲ့အချိန်ပါပဲ။

ရှော့ပင်းစင်တာတွေမှာလည်း ဒီလိုအချိန်ဆို “Back to School”  “It’s School Time!” အစရှိတဲ့ ကျောင်းဖွင့်ချိန်ကို ကိုယ်စားပြုထားတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စာရေးကိရိယာမျိုးစုံ၊ ထီး၊ ထမင်းဘူး၊ ထမင်းချိုင့်၊ ရေဘူး၊ ကျောပိုးအိတ်အစရှိတဲ့ ကျောင်းသုံးပစ္စည်းတွေကို 15%, 10%, 7% အစရှိတဲ့ ရာခိုင်နှုန်းအမျိုးမျိုးနဲ့ Discount ဈေးနှုန်းတွေ အပြိုင်အဆိုင် ပရိုမိုးရှင်းပေးလို့  ရောင်းချ နေကြပါတယ်။

ဒီတပတ်မှာတော့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကျောင်းဖွင့် အချိန်အခါဖြစ်တာမို့ ကျောင်းဖွင့်ချိန်ကာလတွေအတွက် အရေးပါလှတဲ့ အသုံးအဆောင်တွေဖြစ်တဲ့ ကျောင်းသုံးပစ္စည်း စာရေးကိရိယာတွေ၊
ကွန်ပါဘူး၊ ဘောပင်၊ ခဲတံချွန်စက်၊ ကျောပိုးအိတ်နဲ့ ထီး၊ ထမင်းဘူး၊ ထမင်းချိုင့်၊ ရေဘူး အစရှိတာတွေကို ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

အခုဖော်ပြထားတဲ့ ကျောင်းသုံးပစ္စည်းတွေကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း နဲ့ ဗိုလ်ချုပ်လမ်းထောင့်က  Ruby Mart မှာ သွားရောက် ရိုက်ယူထားတာပါ။


 
သီဟတိုး

 


၂,၉ဝဝ

၇,၈ဝဝ

၁၃,၀ဝဝ

၁,၇၅၀၊ ၂
,၂၅ဝ၊ ၂,၆၅ဝ

၉၅၀


၁,၆ဝဝ၊ ၃
,၁ဝဝ၊ ၁,၇ဝဝ
၆၅ဝ၊ ၇ဝဝ၊ ၁,၃ဝဝ
၎,၁ဝဝ နဲ့ ၆,၄ဝဝ

၂,၆ဝဝ
  ၇,၁ဝဝ

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved